အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၄ ဇွန်

၂၀၁၉ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား လူသစ်တန်းနှင့် အသက်(၂၀)နှစ်အောက် သက်ငယ်တန်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပသည်။

 

82019

 

ရှေးဦးစွာ မြန်မာနိုင်ငံ ဂျုူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး  အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပံ္ပ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ အားကစားဝါသနာရှင်များက ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲကို ဇွန် ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၃ သင်းမှ (ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် လွိုင်ကော်) အားကစားနှင့် ကာယပညာသိပ္ပံအသင်းများ၊ ဧရာဝတီမြောင်းမြ ကလပ်အသင်း၊ အောင်ဆန်းကလပ်၊ အမျိုးသားရေကူးကန်ကလပ်၊ ရွှေပြည်သာကလပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မွန်ပြည်နယ်အသင်း၊ ဒဂုံဆိပ်ကမ်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲတွင် လူသစ်တန်းပြိုင်ပွဲ၌ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၄၅ ဦး၊ အသက် ၂၀ နှစ်အောက် သက်ငယ်တန်းပြိုင်ပွဲတွင် အမျိုးသား ၈၇ ဦး၊  အမျိုးသမီး ၅၀ ဦး စုစုပေါင်း ၂၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။    

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး