အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ၁၄ ဇွန် 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ဇွန် ၂၃ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCCခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် အသက်(၂၁)နှစ်အောက်  အငယ်တန်း ကာယဗလမောင် အမျိုးသား Sports  Physique၊ အမျိုးသား Athletic Physique နှင့် Fitness Physique ပြိုင်ပွဲ အမျိုးသမီးModel Physique၊  Athletic Physique နှင့် Fitness Physique ပြိုင်ပွဲများ ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် 
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ဖုန်း ဝ၉-၄၅၀ဝ၂၅၈၆၈၊  ဝ၉-၄၃၁၃၀၈၄၈သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ 


အေကေလင်း