အိုမီခရွန်ကူးစက်မှုကို စိုးရိမ်သည့်အတွက် ဗြိတိန်နှင့်ဒိန်းမတ်နိုင်ငံသို့ ခရီးသွားလာခွင့် အစ္စရေးပိတ်ပင်

ဂျေရုဆလင် ဒီဇင်ဘာ ၁၄

 

အစ္စရေးနိုင်ငံသည် အိုမီခရွန် ကူးစက်မှုကိုစိုးရိမ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံသို့ ခရီးသွားလာမှု ပိတ်ပင်ခဲ့သည်ဟု သိရသည်။

 

ခရီးသွားလာမှုဆိုင်ရာပိတ်ပင်မှုမှာ ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ သက်ရောက်မည်ဖြစ်ပြီး အစ္စရေးကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုမှ အကြီးအကဲဖြစ်သူ ရှာရွန်အယ်ရွိုင်းပရစ် က ပြောသည်။

 

အစ္စရေးနိုင်ငံသည် အာဖရိကနိုင်ငံများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားပြီးဖြစ်သည်။ အာဖရိကနိုင်ငံများတွင် ကိုဗစ်-၁၉ မျိုးကွဲကူးစက်မှုအန္တရာယ်ကြောင့် အစ္စရေးနိုင်ငံက အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်နိုင်ငံများမှ ပြန်လာသည့် အစ္စရေးနိုင်ငံသားများမှာ အနည်းဆုံး ခုနစ်ရက် အသွားအလာ စောင့်ကြည့်ကန့်သတ်ခံရမည် ဖြစ်သည်။ အဆိုပါ ပိတ်ပင်ထား သည့်နိုင်ငံများမှ နိုင်ငံသားများကို လည်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကိစ္စမှလွဲ၍ အစ္စရေး နိုင်ငံသို့ လာရောက်ခွင့်ပြုမည် မဟုတ်ချေ။

 

ယခုအချိန်အထိ အစ္စရေးနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၆၇ဦးရှိသည်။ နောက်ထပ်သံသယ ရှိသူ ၈၀ ခန့်ရှိပြီး ၎င်းတို့၏ ဆေးစစ်ချက်အဖြေများကိုအတည် မပြုနိုင်သေးချေ။

 

ဆင်ဟွာ