အိုင်အေအီးအေ နျူကလီးယားဥပဒေဆိုင်ရာ ပထမဆုံး နိုင်ငံတကာအစည်းအဝေးကျင်းပ  

ဗီယင်နာ   ဧပြီ   ၂၆ 

နိုင်ငံတကာ     အဏုမြူစွမ်းအင် အေဂျင်စီသည်    နျူကလီးယား ဥပဒေနှင့် ပတ်သက်ပြီး ပထမဆုံး နိုင်ငံတကာ   အစည်းအဝေးကို ဗီယင်နာတွင်   ဧပြီ ၂၅  ရက်က ပြုလုပ်ခဲ့သည်။ 


အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ   ဥပဒေပြုသူများ၊ နိုင်ငံတွင်းမှသက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့များ၏   ကိုယ်စားလှယ် များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ၊ နျူကလီးယား      စက်မှုဇုန်နှင့်  အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ   ပါဝင်တက် ရောက်ခဲ့ကြသည်။ နျူကလီးယား ဥပဒေဆိုင်ရာများကို    ဆွေးနွေး ညှိနှိုင်းကြသည့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုကြီးဖြစ်ကြောင်း နိုင်ငံ တကာအဏုမြူစွမ်းအင် အေဂျင်စီ ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော်စီက နျူကလီးယား ဥပဒေသည်   အလွန်အရေးကြီး သည့် အယူအဆများနှင့် ဥပဒေ၏စည်းမျဉ်းစည်းကမ်းများဖြစ်ရုံသာမက နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်    အရေးပါ ကြောင်း၊ ထို့အပြင် အလွန်ကောင်း သည့်        စွမ်းအားတစ်ခုဖြစ် ရုံသာမက    တစ်ချိန်တည်းမှာပဲ  ဖြစ်ပေါ်လာနိုင်သည့်စိန်ခေါ်မှုများကိုလည်း  ဖြေရှင်းသွားရမည်ဖြစ် ကြောင်း ပြောကြားသည်။ 

အိုင်အေအီးအေ အစည်းအဝေး ကို သောကြာနေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။                           

ဆင်ဟွာ