အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင်ဟု သံသယရှိသူ ၁၁ ဦးကို တူရကီ ပြည်နှင်ဒဏ်ပေး

အန်ကာရာ ၁၀  ဒီဇင်ဘာ

တူရကီနိုင်ငံ၌ ပြင်သစ်နိုင်ငံသား အိုက်အက်စ်အဖွဲ့ဝင်များဟု သံသယရှိသူ ၁၁ ဦးကို ၎င်းတို့၏ နိုင်ငံဆီသို့ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အကျဉ်း၌ ထိုသို့ကြေညာခဲ့သော်လည်း သံသယရှိသူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိပေ။ တူရကီသည် ဉရောပမှ စစ်သွေးကြွများ အပါအဝင် ဖမ်းဆီးထားသည့် အိုင်အက်စ်စစ်သွေးကြွ ထောင်ပေါင်းများစွာကို ၎င်းတို့၏ မူလနိုင်ငံများဆီသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တူရကီသည် အိုင်အက်စစ်သွေးကြွဟု သံသယရှိသူ ၆၀ ခန့်ကို ၎င်းတို့၏ နိုင်ငံများဆီသို့ ပြန်ပို့ခဲ့ပြီး ယင်းနိုင်ငံများတွင် ဂျာမနီ၊ ဒိန်းမတ်၊ အိုင်ယာလန်နှင့် နယ်သာလန်နိုင်ငံများ ပါဝင်သည်။

ဆင်ဟွာ