ဗြိတိန်နံပါတ် ၂ တင်းနစ်ကစားသမား ဂျက်ဒရာပါသည် မိုင်ယာမီ အိုးပင်းပြိုင်ပွဲ  ၆၄  ဦးအဆင့်တွင်  အမေရိကန်တင်းနစ်ကစားသမား ရေလီအိုပဲလ်ကာကို ၆-၇ (၃-၇)၊ ၆-၇ (၀-၇) ရလဒ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

ဒရာပါသည်   ယခုပြိုင်ပွဲမတိုင်မီ  နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲတွင် နာမည်ကြီး ဖရန်စစ္စကို၊ ဂျိုကိုဗစ်တို့ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သူဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် ဒရာပါသည် ကမ္ဘာ့အဆင့်(၂၆) တွင် ရပ်တည်နေသူ ဖြစ်သည်။

အယ်ကာရက်ဇ်၊ ဆင်းနား၊ စစ်ဆီပတ်၊ တီယာဖိုးတို့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။

မိုးဇက်