အဇာဘိုင်ဂျန်နှင့် အာမေးနီးယား ပဋိပက္ခကြောင့် လူပေါင်း ၂၆၀ ထက်မနည်း သေဆုံး

ဘာကူ ၇ အောက်တိုဘာ  

 

အဇာဘိုင်ဂျန် နှင့် အာမေးနီးယား တပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အောက်တိုဘာ ၆ ရက်တွင် သိရသည်။

 

အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်များသည် ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိပြီး စက်တင်ဘာလနှောင်းပိုင်းက နာဂေါ်ရာနို - ခါရာဘတ်ဒေသတွင် တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်။

 

အဇာဘိုင်ဂျန်ဘက်မှ ရှိသည့် တူရကီနိုင်ငံအနေဖြင့် ယခုပြဿနာတွင် ပိုမိုပါဝင်သင့်သည်ဟု အောက်တိုဘာ ၅ ရက်တွင် အဇာဘိုင်ဂျန် သမ္မတ အီဟန်အေလီယက်ဗ်က ပြောကြားခဲ့သည်။ ထောက်ပံ့ပေးမှုများ အဆက်မပြတ် ပြုလုပ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

 

အာမေးနီးယား ဘက်ကမူ တူရကီ၏ ပါဝင်မှုသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

 

အခြေအနေ တင်းမာမှုများ လျော့ကျရန်အလို့ငှာ တူရကီနိုင်ငံ၏ လွှမ်းမိုးနိုင်မှုကို အသုံးပြုရန် မျှော်လင့်သည်ဟု နေတိုးအထွေထွေ အတွင်းရေးမှူး စတော့တန်ဘာ့ဂျ်က အောက်တိုဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။

 

သို့သော်လည်း တူရကီနိုင်ငံသည် အဇာဘိုင်ဂျန်ဘက်က ဆက်လက်ထောက်ပံ့ပေးဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ရရှိရန် အတွက်မူ မသေချာသေးပေ။

 

အင်န်အိတ်ချ်ကေ