အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တိုက်ခိုက်မှုထပ်မံဖြစ်ပွား အရပ်သား ၃၅ ဦး အပါအဝင် လူ၂၄၀ ကျော်သေဆုံး

၅ အောက်တိုဘာ

 

အဇာဘိုင်ဂျန်နှင့်အာမေးနီယားတပ်ဖွဲ့များအကြား အငြင်းပွားရာနယ်မြေနှင့်ပတ်သက်ပြီး တိုက်ခိုက်မှုထပ်မံဖြစ်ပွားသဖြင့် အရပ်သားသေဆုံးမှုများ များပြားလာသည်။

 

စက်တင်ဘာ၂၇ ရက်နေ့တွင် နာဂေါ်နို-ကရာဘတ် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ယနေ့အချိန်ထိ အရပ်သား ၃၅ ဦး အပါအဝင် လူ ၂၄၀ ကျော် သေဆုံးခဲ့သည်။

 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် နာဂေါ်နို-ကရာဘတ်ဒေသရှိ လူ ၅၀၀၀၀ နေထိုင်သော စတီပါနာကတ်မြို့ကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြသည်။

 

အာမေးနီးယားတပ်ဖွဲ့များက လူပေါင်း ၃၃၀၀၀၀ နေထိုင်သည့် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော  ဂန်ဂျာရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကို လက်နက်ကြီးဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

နှစ်ဖက်စလုံးက ၎င်းတို့သည် စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းတို့တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် စတီပါနာကတ်မြို့ရှိ လူနေအိမ်များနှင့်လမ်းများကို ဖျက်ဆီးခဲ့သည်။

 

နာဂေါ်နို-ကရာဘတ်ဒေသရှိ အာမေးနီးယားမျိုးနွယ်စုအချို့သည် အာမေးနီးယားသို့ထွက်ခွာလာကြသည်။

 

နာဂေါ်နို-ကရာဘတ်ဒေသသည် အဇာဘိုင်ဂျန်နိုင်ငံတွင်တည်ရှိသော်လည်း အဓိကအားဖြင့် အာမေးနီးယားမျိုးနွယ်စုများ နေထိုင်ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို