အက်စ်တွန်ဗီလာတို့ ပရီမီယာလိဂ်သို့ တန်းတက်ခွင့်ရပြီ

၂၈  မေ

 

အင်္ဂလန်ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲအဖြစ် မေ ၂၇ ရက်ညပိုင်းက အက်စ်တွန်ဗီလာနှင့် ဒါဘီကောင်တီအသင်းတို့ ယှဉ်ပြိုင်ကစားရာ အက်စ်တွန်ဗီလာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

အက်စ်တွန်ဗီလာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၄ မိနစ်တွင် အယ်လ်ဂါဇီက သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၅၉ မိနစ်တွင် မက်ဂင်က ဒုတိယဂိုး သွင်းယူပေးသည်။ ဒါဘီအတွက် ချေပဂိုးကို ပွဲချိန် ၈၁ မိနစ်အရောက်တွင် ဝက်ဂ်ဟွန်းက သွင်းယူပေးခဲ့သည်။

 

အက်စ်တွန်ဗီလာအသင်းသည် ချန်ပီယံရှစ်သို့ တန်းဆင်းပြီး သုံးနှစ်အကြာမှ ပရီမီယာလိဂ်သို့ ပြန်လည် တန်းတက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်ကလည်း အင်္ဂလန်ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲတွင် ဖူလ်ဟမ်အသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တန်းတက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။ဒါဘီနည်းပြ ဖရန့်လမ်းပတ်အနေဖြင့်လည်း ယခုပွဲရှုံးနိမ့်ခဲ့မှုကြောင့် ပရီမီယာလိဂ်၌ နည်းပြနိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။

 

အောင်ဇော်