အကောင့်တုပေါင်း ၂ဒသမ ၂ဘီလီယံကို Facebook ပယ်ဖျက် 

Facebook မှ ယခုနှစ် ပထမသုံးလအတွင်း အကောင့်အတုပေါင်း ၂ဒသမ၂ ဘီလီယံကို ပယ်ဖျက်ခဲ့ သည် ဟုဆိုသည်။ ယမန်နှစ်က အကောင့်တုပေါင်း ၁ဒသမ၂ဘီလီယံရှိခဲ့ရာ ယခင်နှစ် ပထမသုံးလ ပတ်ထက် အကောင့်တုများ ပိုမို များပြားလာသည် ဟုဆိုသည်။ 

 

mdn

 

 

တချို့သော အကောင့်အသစ်များသည် ကြီးမားသော ပြဿနာများကို ဖန်တီးပြီး ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်လာစေရန် ပြုလုပ်ခဲ့ကြောင်း Facebook တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၄င်းတို့၏ တိုက်ခိုက်မှု နောက်ကွယ်က ရည်ရွယ်ချက်ကို မသိရှိခဲ့ကြောင်း ၄င်းအကောင့်တုများအနေဖြင့် စနစ်တကျ အားထုတ်မှုများ ရှိသည်ဟု ၄င်းတို့က ဆိုသည်။ 

အဆိုပါ အကောင်တုများကို ဖန်တီးပြီး မိနစ်ပိုင်းတွင်း ပယ်ဖျက်ခဲ့ကြောင်း Facebook ကုမ္ပဏီက ပြောကြားသည်။ 

 

ပထမ သုံးလပတ်အတွင်း ဖယ်ရှားပစ်ခဲ့သည့် အကောင့်တုများ၏ နံပါတ်များကို Facebook တာဝန်ရှိသူများက ဖော်ထုတ်ခဲ့သည်။ 

 

လူမျိုးရေး သို့မဟုတ် ဘာသာရေးအမုန်းစကားများ လှုံဆော်သည့် အကောင့်တုပေါင်း ၆သန်း၊အကြမ်းဖက်ဝါဒတင်သည့် အကောင်တု ၄သန်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တင်သည့် အကောင့်တုပေါင်း ၁၉သန်း နှင့် အကြမ်းဖက်ပို့စ်ပေါင်း ၃၃သန်း ဖမ်းဆီးရမိခဲ့ကြောင်း ၄င်းတို့ ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်