အချစ်နှင့် ဟာသကို ဦးစားပေးထားသည့် “ယောက်ဖစစ်ဆင်ရေး” ဇာတ်ကား ရုံတင်ပြသ

လူစွမ်းကောင်းထုတ်လုပ်ရေးမှ ထုတ်လုပ်၍ ဇာတ်လမ်း/ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားသည့် ယောက်ဖစစ်ဆင်ရေး အချစ်ဟာသ ရုပ်ရှင်တွင် သရုပ်ဆောင် ဇေရဲထက်၊ ရာဇာနေဝင်း၊ ကျော်ကျော်၊ ခင်လှိုင်၊ ခင်ဝင့်ဝါ၊ မေပန်းချီ၊ ယွန်းရွှေရည်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပြီး မေ ၂၃ ရက်မှစ၍ ရုံတင်ပြသတော့မည်ဟု သိရသည်။

သရုပ်ဆောင် ဇေရဲထက်က “ဒီကားလေးက အချစ်ဟာသပုံစံလေး ရိုက်ထားတာပါ၊ ဒီကားမှာ ခင်ဝင့်ဝါကို ကာရိုက်တာတစ်မျိုးလေးနဲ့ မြင်ရမယ်၊ ယောက်ျားလျာပုံစံပေါ့၊ သူ့ရဲ့အချစ်တော်က မေပန်းချီ၊ ခင်လှိုင်က ခင်ဝင့်ဝါရဲ့အစ်ကို၊ ဇာတ်က ရိုးရှင်းတယ် ဆိုပေမယ့် ဇာတ်အိမ်ခိုင်တယ်၊ ပြီးတော့ ဒီကားလေးက အပြင်မှာ တကယ်ရှိတတ်တဲ့ ဟာကို ဟာသနှောပြီး ရိုက်ထားတာပါ ၊ ယောကျာ်းလျာစိတ်ပေါက်နေတဲ့ မိန်းကလေး က မိန်းကလေးတစ်ယောက်ကို အချစ်တော်အဖြစ်ထားတယ်၊ အဲဒါကို တခြား ယောက်ျားလေးတွေက လိုက်နှောင့်ယှက်ကြတဲ့အခါ အချစ်တော်ကောင်မလေးကို ကာကွယ်စောင့်ရှောက်ရင်း ယောက်ျားလျာမိန်းကလေးနဲ့ ကောင်လေးတစ်ယောက် ချစ်သူဖြစ်သွားကြတယ်၊ အဲလိုပုံစံလေးရိုက်ထားတာပါ”ဟု ပြောသည်။

ကိုလင်း