အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဗဟိုဘဏ် (ရုံးချုပ်) ၌ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်လျက်ရှိရာ ဝန်ထမ်းများ စွမ်းဆောင်ရည်ပြည့်ဝ စေရန်အတွက် IT သင်တန်းများ၊ စာရင်းသင်တန်းများ၊ ကွန်ပျူတာသင်တန်းများကို ဌာနအသီးသီး၏ လိုအပ်ချက်အရလည်းကောင်း၊ ပြည်တွင်း/ ပြည်ပ သင်တန်းများကိုလည်း နိုင်ငံတော်နှင့် ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေတို့မှ စိုက်ထုတ်အကုန်အကျခံလျက် Online ဖြင့်တက်ရောက်စေခြင်း၊ လူကိုယ်တိုင်တက်ရောက်စေခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခြေခံ အင်္ဂလိပ်စာသင်တန်းကိုလည်း ရာထူးအသီးသီး ပါဝင် တက်ရောက်စေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာ တွင် ဗဟိုဘဏ်ကိုယ်စားပြု ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း  မှာကြား ခဲ့သည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၆ ရက်မှစ၍ နှစ်လကြာ လုပ်ငန်းခွင်မပျက် ဖွင့်လှစ် မည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင်တန်းသား စုစုပေါင်း(၃၀) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်