အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်  မတ်  ၃၁

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ရုံးစာ များ ကွန်ပျူတာစာစီရာတွင် အသုံးဝင်သည့် အခြေခံ Microsoft Word, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရုံးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည် အသုံးချရန်လိုကြောင်း၊ တိုးတက်ပြောင်းလဲနေ သည့် IT ခေတ်ဖြစ်သည့်အတွက် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် မိမိတို့၏ အရည်အချင်းများ အစဉ်တိုးတက်နေအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူကြရမည် ဖြစ်ကြောင်း၊  သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များနှင့်ဗဟုသုတများကို  လုပ်ဖော်ကိုင် ဖက်ဝန်ထမ်းများကို ပြန်လည်မျှဝေပြီး မိမိဌာနတိုးတက်ရေးအတွက် စေတနာထား၍ လုပ်ကိုင်ဆောင် ရွက်သွားကြရန်လို ကြောင်း၊ နိုင်ငံတော်က အားထားရသည့် ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားဆောင်ရွက်သွာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းသား/သင်တန်းသူ(၂)ဦးကို သင်တန်း သား/သင်တန်းသူများကိုယ်စား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

သင်တန်းဆင်းပွဲသို့ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းကို မတ်(၂၀)ရက်မှ (၃၁) ရက်အထိ (၂)ပတ်ကြာ သင်တန်းသား/သင်တန်းသူ(၂၀)ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)