အခြေခံမဲဆန္ဒရှင်စာရင်း ဖြည့်ရေးသွင်းရာ၌ လိုအပ်သောအဖွဲ့ ဖွဲ့စည်းနိုင်ရန်ညှိနှိုင်းဆွေးနွေး

ငပုတော ၂  ဩဂုတ်  


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့များမှ ပေးပို့လာသော လူဦးရေစာရင်းနှင့် အချက်အလက်များအရ စီစစ်ဆောင်ရွက်ရမည့် စာရင်းများအားပြုစုခြင်း၊ စီစစ်ခြင်း၊ မြို့နယ်အချင်းချင်းဆက်သွယ်မေးမြန်းခြင်း၊ အခြားမြို့နယ်များမှ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းများအား ပြန်ကြားခြင်းနှင့် အစီရင်ခံခြင်းတို့အား ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်လဝကဦးစီးမှူးရုံးတွင် ပူးပေါင်းဆောင်ရွက်ရမည့် ရုံးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်နှင့် အခြေခံမဲဆန္ဒရှင်စာရင်းများအား ကွန်ပျူတာတွင်စာရင်းဖြည့်သွင်းရာ၌ လိုအပ်သောအဖွဲ့တစ်ဖွဲ့  ကို ဖွဲ့စည်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။


လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအာင်က အဖွဲ့များဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများက တစ်ဦးချင်းစီက လိုအပ်သောအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)

 

9