ရမည်းသင်း ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာ သင်းတန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲကို ဇွန် ၂၉ ရက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က သင်းတန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ထူးချွန်သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ခင်းကျင်း ပြသထားသော စက်ပစ္စည်းများနှင့် သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ရမည်းသင်း)


