မော်လမြိုင် ဇူလိုင် ၁၆
မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်း ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၁၃ ရက်က ကျောင်းသားအားကစားကွင်း၌ ကျင်းပရာ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားခဲ့ကာ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ fitness dance အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် MSM ကိုယ်ပိုင်ကျောင်းအသင်းနှင့် အထက(ရွှေနတ်တောင်) အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
လင်းအာကာ


