အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

ဆီဆိုင်   ဇန်နဝါရီ     ၂၈

 

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ တောင်းတပ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းဆောင် သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၂၇ ရက်က အဆိုပါ ကျောင်းဆောင်သစ် ရှေ့၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျောင်းဆောင်သစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲဝင် ဦးခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ရှေ့တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ အမှတ်တရ သစ်ပင်စိုက်ပျိုးပေးခြင်းနှင့် ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက အမှာစကား အသီးသီးပြောကြားကြပြီး ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့ တာဝန်ခံ ဒေါ်အေးအေးသန့်က လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ

 

ထို့နောက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း ၇၀ ကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်က တောင်းတပ်ကျေးရွာ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ပေးအပ်ပြီး အမှတ်တရအလံနှင့် လက်ဆောင်များ ပြန်လည်ပေးအပ်ကာ ဒေသခံများကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ပေ ၉၀၊ အနံ ပေ ၃၀ ရှိ တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အလူဇင့် သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း၊ ()ခန်းတွဲ ရေလောင်းအိမ်သာ တစ်လုံး၊ (xx) ပေ ရေလှောင်ကန် နှစ်လုံး၊ အလံတိုင် တစ်တိုင်၊ ဆရာ စားပွဲ/ထိုင်ခုံ လေးစုံ၊ ကျောင်းသား စာရေးစားပွဲ/ထိုင်ခုံ ၄၅ စုံနှင့် White Board ရှစ်ချပ်တို့ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ် ၅၄၇၇၅၁၄၀ နှင့် ဒေသခံပြည်သူ ပူးပေါင်းထည့်ဝင်ငွေ ကျပ် ၁၀၁၃၁၅၀၀ စုစုပေါင်း ငွေကျပ် ၆၄၉၀၆၆၄၀ အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)