အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ကျောင်းသားဟောင်းများအဖွဲ့က လှူဒါန်းသော စက်ရေတွင်း ရေတင်စက်နှင့် ရေဂါလန် ၁၆၀ဝ ဆံ့ ရေလှောင်ကန် လွှဲပြောင်းပေးအပ်

နေပြည်တော်  ၁၉  မေ 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ စေတနာမျှဝေခြင်းအစီအစဉ်အရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၏ နည်းပညာအကူအညီဖြင့် ရန်ကုန်တက္ကသိုလ် အခြေခံသိပ္ပံပညာထူးချွန်ဆုရကျောင်းသားဟောင်းများအဖွဲ့က လှူဒါန်းသော ၄ လက်မစက်ရေတွင်းရေတင်စက်နှင့် ရေဂါလန် ၁၆၀ဝ ဆံ့ ရေလှောင်ကန် လွှဲပြောင်း ပေးအပ်ပွဲကို မေ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အုပ်စုစက်ကုန်းကျေးရွာ၌ ကျင်းပသည်။
အဆိုပါ လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာအောင်သူ ၊ ဦးသန့်စင်မောင်နှင့် ဦးကျော်တင် ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ဖြုတ်ခွဲကျေးရွာအုပ်စု စက်ကုန်းကျေးရွာရပ်မိ ရပ်ဖများတက်ရောက်ကြသည်။

 

ယနေ့လှူဒါန်းလွှဲပြောင်းပေးအပ်ခဲ့သော ၄ လက်မစက်ရေတွင်းသည် အနက် ၃၄၀ ပေရှိကာကျေးရွာရှိအိမ်ခြေ ၁၄၀ ကျော် ၊ လူဦးရေ ၅၄၀ ကျော်တို့၏ သောက်သုံးရေအပြင် မိသားစုအိမ်ခြံဝင်းစိုက်ခင်းများအတွက် စိုက်ပျိုးရေကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည်။

 

နှစ်စဉ် နွေရာသီတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်ခဲ့သောစက်ကုန်းကျေးရွာနေ ပြည်သူများ၏ လတ်တလောလိုအပ်ချက်အခက်အခဲအားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၏ စေတနာ မျှဝေခြင်း အစီအစဉ်တွင် ရန်ကုန်တက္ကသိုလ် အခြေခံသိပ္ပံပညာချွန်ဆုရ ကျောင်းသားဟောင်းများ အဖွဲ့ကပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စေတနာမျှဝေခြင်းအစီအစဉ်အနေဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးရေးစီမံကိန်းများတွင် မပါဝင်သေးသော်လည်းဒေသ၏ လတ်တလောလို အပ်ချက် အခက်အခဲများကိုကူညီဖြည့်ဆည်းပေးခဲရာ ၂ နှစ်ကျော်ကာလ အတွင်းရေတွင်း၊ ရေကန်၊ လမ်းနှင့် စာသင်ကျောင်းစသည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၏ စေတနာမျှဝေ ခြင်းအစီ အစဉ်အရရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ ဒေါက်တာခင်ခင်ဦး ၊ ဒေါက်တာ ခင်လတ်နှင့် ဒေါ်ခင်ညိမ်းမိသားစုတို့က ပျဉ်းမနားမြို့ သန္တာရာမသီလရှင်စာသင်တိုက်တွင် ၄လက်မ စက်ရေတွင်းတူးဖော်လှူဒါန်းရာ မေ ၁၈ ရက် နံနက်ပိုင်းတွင် အလှူရှင် မိသားစုက စက်ရေတွင်းနှင့်ပတ်သက်သောစာရွက် စာတမ်းများအားသန္တာရာမသီလရှင် စာသင်တိုက် ပဓါနနာယကသီလရှင်ဆရာကြီး ဒေါ်သမ္မာရီထံလွှဲပြောင်းပေး အပ်လှူဒါန်းသည်။ 

 

အဆိုပါ လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူနှင့်ဇနီး ဒေါ်ခင်သီတာ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် အလှူရှင်မိသားစုများ ဖိတ်ကြားထားသူများ တက်ရောက်သည်။

 

သန္တာရာမသီလရှင်စာသင်တိုက် တွင် ၄ လက်မစက်ရေတွင်းနှင့်အတူ ရေဂါလံ ၁၆၀ဝ ဆံ့ ရေလှောင်ကန် တည်ဆောက်လှူဒါန်းပေးနိုင်ခဲ့မှုကြောင့် အဆိုပါ ကျောင်းရှိ သက်ကြီးသီလရှင်များ စောင့်ရှောက်ခြင်းနှင့် သီလရှင်စာသင်သားများ၏ သောက်သုံးရေ အခက်အခဲ ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

603540