အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်

ရန်ကုန်       ဇွန်       ၁၅

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင ်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၂) မော်တော်ယာဉ်ဝင်းအတွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီက “ယနေ့ရန်ကုန်မြို့တော်ကြီးတွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်မတော်တဆမှုများလည်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း၊ ယာဉ်မတော်တဆမှုများတွင် မီးနီဖြတ်ခြင်း၊ မီးဝါဖြတ်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှု အားနည်းသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သင်တန်းသားများ အနေဖြင့် သင်တန်းက ပို့ချပေးသည့် ဘာသာရပ်များ၊ လက်တွေ့ပြုလုပ်ပေးသည့် လေ့ကျင့်ခန်းများကို ကြိုးစားသင်ယူ လေ့ကျင့်မှတ်သားသွားကြစေလိုကြောင်း” ပြောကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား ကွန်ပျူတာဖြင့် ကားမောင်း သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၄၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အမှတ်(၂) မော်တော်ယာဉ်ဝင်းအတွင်း ဆောင်ရွက် ထားရှိသည့် Cash Box Vehicle ငွေထုတ်ကား ဆောင်ရွက်ပြီးမှု၊ လေထုအရည်အသွေး တိုင်းတာမည့် ရွေ့လျားယာဉ်ပေါ်တွင် Ecomtrek စက် နှစ်လုံးနှင့် ယင်း၏ တိုင်းတာသည့် Parameter ဆောင်ရွက်နိုင်မှုများ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ တန် ၂၀ Backhole အကြီးစား ပြင်ဆင်ဆောင်ရွက်နေမှု၊ Chenglong အမှိုက်သည်ယာဉ် ၁၀ စီး အကြီးစားပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် Boxer လမ်းရေဆေးကားသစ် လေးစီး စမ်းသပ်မောင်းနှင် သရုပ်ပြမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်