နေပြည်တော် ဇူလိုင် ၁၆
ပြည်တွင်းအခွန်များဦးစီးဌာန ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးက ကြီးမှူးကျင်းပသော အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှု အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အမှာစကားပြောကြားပြီး သီရိငါးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ဦးစီးအရာရှိ ဦးမျိုးကိုကိုက အခွန်အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)


