အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် မြန်မာ့အားကစား

ကိုဌေး(ကနောင်)

အရှေ့တောင်အာရှဒေသတွင်း အားကစားပြိုင်ပွဲများတွင် အမြင့်ဆုံးပြိုင်ပွဲတစ်ခုအဖြစ် နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပတော့မည်ဖြစ်သည်။ ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံရှိ ကလော့ခ်မြို့၊ ဆူဘစ်မြို့ နှင့် မနီလာမြို့ တို့တွင် နှစ်နေရာနှင့် စုစုပေါင်း မြို့ကြီးသုံးမြို့တွင် လေးနေရာခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။

 

ထည့်သွင်းကျင်းပမည့် အားကစားနည်းများ

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အားကစားနည်း ၅၆ နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အားကစား နည်းများမှာ Aquatics ၊ မြားပစ်၊ အားနစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘေ့စ်ဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်၊ ဘိုးလင်း၊ လက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ Dance Sport, Duathlon, Esports, Fencing, Figure Skating, GOD 1 Floorball i Goldb8:1 majd:72:1 Beach Handball, Ice Hockey, Indoor Hockey, LB1 Jujitsu, m2605:1 Kick Boxing, Kurash, Lawn Bowls / Petanque, Muaythai, Modern Pentathlon, Net ball, Obstacle Racing, Pencak Silat, Polo, Rowing, Rugby Sevens, Sacking / Windsurfing, Sambo, Sepaktakraw, Shooting, Skateboarding, Soft Tennis, Softbal, Squash, Surfing, oɔ:gosĉosê:ŞÔI တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ Wakeboarding, အလေးမ၊ နပန်း၊ ဝူရှူး၊ ကနူးကယက်၊ ရိုးရာလှေ အားကစားနည်းများပါဝင်ကြောင်း သိရသည်။

 

အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ချီးမြှင့်မည့်ရွှေတံဆိပ် အရေအတွက်

ထည့်သွင်းကျင်းပမည့် အားကစားနည်း ၅၆ နည်းအတွက် ပြိုင်ပွဲအမျိုးအစားပေါင်း ၅၃ မျိုးအတွက် ရွှေတံဆိပ် ၅၃၀ ချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း ၃၁ နည်းအတွက် ပေးအပ်မည့် ရွှေတံဆိပ် စုစုပေါင်းမှာ ၃၃၆ ခု သတ်မှတ် ထားသဖြင့် အဆိုပါဆုများကိုသာ ရည်မှန်းကြိုးစား ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။

 

(၂၉)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းအရေအတွက်နှင့် ချီးမြှင့်ခဲ့သည့်ဆုတံဆိပ်

၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် အားကစားနည်း ၃၈ နည်း ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ် ၄ဝ၄ ခု ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပြန်လည ဖွဲ့စည်းပြီးစီးမှု မြန်မာနိုင်ငံတွင် အားကစားအဖွဲ့ချုပ် ၄၉ ခုအား ယခင်က ဖွဲ့စည်းထားရှိခဲ့သော်လည်း မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များအား ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ စွမ်းဆောင်ရည် ပိုမိုတိုးတက်ပြီး မြန်မာ့အားကစား အဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် လည်းကောင်း၊ ပြည်သူဗဟိုပြုပုံစံဖြင့် အားကစားလှုပ်ရှားမှုများတွင် ပြည်သူများ တစ်ခဲနက် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်အတွက် လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၏ အလုပ်အမှု ဆောင်အဖွဲ့များကို ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်သည့်စနစ်ဖြင့် ပြန်လည်ဖွဲ့စည်းသွားနိုင်ရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေးအဖွဲ့အား အားကစားဌာနတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများ ပါဝင်သည့် အဖွဲ့ဝင် ခြောက်ဦးပါအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ရေးအဖွဲ့မှ စိစစ်တင်ပြလာသော အားကစားအဖွဲ့ချုပ် ၄၁ ဖွဲ့အား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ အတည်ပြု ဖွဲ့စည်းမိန့်ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။

အတည်ပြုအမိန့် ထုတ်ပြန်ပေးရန် တင်ပြလာခြင်း မရှိသေးသည့် အားကစားအဖွဲ့ချုပ် နှစ်ခုမှာ ကာယဗလနှင့် ကာယကြံ့ခိုင်မှုနှင့် ခြေလျင်တောင်တက် အားကစားနည်းနှစ်နည်း ကျန်ရှိနေပြီး ပြန်လည်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက် လျက်ရှိသည့် ဝူရှူးအဖွဲ့ချုပ်တို့ ကျန်ရှိကြောင်း သိရသည်။ ပယ်ဖျက်ထားသည့် အားကစားအဖွဲ့ချုပ်သုံးခု ရှိပြီး ၎င်းတို့မှာ ဘေ့စ်ဘော၊ Myanmar Kart သုံးမျိုးစုံ အားကစားနည်းတို့ ဖြစ်ကြောင်းလည်း သိရသည်။ Surfing အားကစားနည်းကိုမူ Association အဖြစ်သာ ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

 

အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၌ အားကစားအဖွဲ့ချုပ်မရှိသည့် အားကစားနည်းများ

ထည့်သွင်းကျင်းပမည့် အားကစားနည်း ၅၆ နည်းအနက် မြန်မာနိုင်ငံအနေဖြင့်ယခင်အချိန်ကပင် အားကစား အဖွဲ့ချုပ် ဖွဲ့စည်းထားခြင်း မရှိသေးသည့် အားကစားနည်း ၂၃ မျိုး ပါရှိနေပါသည်။ အဆိုပါ အားကစားနည်းများမှာ Dance Sport, E-Sports, Floor Ball, Hand Ball (Beach), Ice Hockey, Ice Skating (Figure Skating), Kick Boxing, Kurash, Lawn Bowls, Modern Pentathlon, Net Ball, Obstacle Course Race, Pencak Silat, Polo, Rugby senvens, Sambo, Skateboarding, Soft Tennis, Sur fing, Underwater Hockey, Arnis, Ice Skating, Jujitsu, Wakeboarding & Waterski ow28 329:003: နည်းများဖြစ်သည်။ အဆိုပါ အားကစားနည်းများအတွက် အားကစားအဖွဲ့ချုပ်များ ဖွဲ့စည်းရခြင်းမရှိသေးသော်လည်း အားကစားသဘောသဘာဝအရ နီးစပ်သည့် အားကစား နည်းငါးမျိုးဖြစ်သော Kurash (နပန်း)၊ Arnis (သိုင်း)၊ Surfing (လှိုင်းစီးဘုတ်)နှင့် Skateboarding (စကိတ်အားကစားနည်း) တို့ကိုလည်း အနီးစပ်ဆုံး အားကစားနည်းများမှ အကောင်းဆုံး အားကစားသမားများ စိစစ်ရွေးချယ်၍ ဆုတံဆိပ်ရရှိစေရေးနှင့် အတွေ့အကြုံ ရရှိစေရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပါသည်။

 

အားကစားကွင်းရုံများ အခြေအနေ

မြန်မာနိုင်ငံအနေဖြင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ခဲ့ သည့်အတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်များအား လည်းကောင်း၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းနှင့် အားကစားရုံများ ရှိသည့်အပြင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ယခင် တည်ဆောက်ပြီးစီးခဲ့သည့် အဆင့်မီ ဂေါက်ကွင်းများ၊ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေးစခန်း၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၊ ကျုံးကြီးလမ်းကြက်တောင်ရုံ၊ သိမ်ဖြူအားကစားရုံတို့၌ တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာ အားကစားပြိုင်ပွဲများအား အဆင့်မီမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်စေရေးအတွက်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးကလပ်အသင်းများသို့ ကနဦး သုံးနှစ်အခမဲ့ အပါအဝင် နှစ် ၃၀ B.O.T စနစ်ဖြင့် ဘောလုံးကွင်း ၂၄ ကွင်းအား ၂၀၁၀ ခုနှစ်မှ စတင်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

ယခုအခါ အောင်ဆန်းအားကစားကွင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နိုင်ငံတကာအဆင့်မီပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ကမ္ဘာ့ AFC ကွင်းများကဲ့သို့ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လိုသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆင့်မြှင့် ပြုပြင်ရန် ကုန်ကျစရိတ် မတတ်နိုင်သဖြင့် နိုင်ငံတော်မှ ပြုပြင်ပေးစေလိုကြောင်းလည်း သိရသည်။ အားကစားဌာန အနေဖြင့်လည်း စတင်ငှားရမ်းစာချုပ် ချုပ်ဆိုစဉ်ကပင် ငှားရမ်းစဉ်ကာလအတွင်း သက်ဆိုင်ရာ ဘောလုံးကွင်းများ၏ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့တည်ဆောက်ခြင်းများကို အငှားချထားခြင်းခံရသူက ကျခံရမည်ဟု ဖော်ပြပါရှိသည့် အတွက် နိုင်ငံတော်အစိုးရသို့ တင်ပြပြီးဌာနသို့ ပြန်လည်အပ်နှံစေပြီးမှသာ ဌာနအနေဖြင့် ဘတ်ဂျက်တင်ပြတောင်းခံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါ အားကစားဌာနအနေဖြင့် အောင်ဆန်းအားကစားကွင်း၏ ပွဲကြည့်စင်နှင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေအား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးပေးရေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ သက်တမ်းနှစ် ၅ဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့်အပြင် ၇၀ ရာခိုင်နှုန်းပျက်စီးလျက်ရှိပြီး အန္တရာယ်ရှိသော အဆောက်အအုံဖြစ်နေသောကြောင့် အမြန်ဖျက်သိမ်း၍ အဆောက်အအုံ ပြေးလမ်းအပါအဝင် ခေတ်မီ အားကစားရုံ အသစ်အဖြစ် ပြန်လည်တည်ဆောက်သင့်ကြောင်း အကြံပြု စာရရှိခဲ့သဖြင့် ဌာနအနေဖြင့် အဆင့်မြှင့်တင်နိုင်ရေး အဆင့်ဆင့် တင်ပြဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

အလားတူ ဇေယျာရွှေမြေဘောလုံးအသင်း အသုံးပြု လျက်ရှိသည့် မုံရွာဘောလုံးကွင်းအားလည်း စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ကျောင်းသားအားကစားပြိုင်ပွဲများ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပရန် အခက်အခဲ ရှိသဖြင့် အားကစားကွင်း ပြန်လည်အပ်နှံရေးအဆိုကို တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့သည့်အပြင် ဇေယျာ ရွှေမြေဘောလုံးအသင်းပိုင်ရှင်ကလည်း ဆက်လက်တာဝန် ယူလုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် ဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်အပ်နှံခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် ဧပြီလ တွင် အားကစားကွင်း ငှားရမ်းခြင်းစာချုပ်အားရပ်စဲခဲ့ပြီး ယခုအခါ ဌာနအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ပြုပြင်ထိန်း သိမ်းထားရှိကြောင်းလည်း သိရသည်။

 

ရန်ကုန်မြို့ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) အားလည်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံအစိုးရ၏ အကူအညီဖြင့် ၁၉၈၃ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင်တည်ဆောက် ပြီးစီးခဲ့သဖြင့် နှစ်ပေါင်း ၃၃ နှစ် ကာလသက်တမ်းရှိနေပြီ ဖြစ်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ရုံတွင်း၊ ရုံပြင် အကြီးစား ပြုပြင်မွမ်းမံမှုများ ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။

 

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစား ကွင်း/ရုံများ ပြုပြင်ခြင်း၊ ပြုပြင်ရန် စီစဉ်နေခြင်း၊ Project ပြုလုပ်ရန် ပြင်ဆင်နေခြင်းကြောင့် လတ်တလော ကွင်း/ ရုံ အခက်အခဲ ရှိနေပါသည်။ ရန်ကုန်မြို့ရှိ ဌာနပိုင်သိမ်ဖြူ အားကစားဝင်း အတွင်းရှိ သုံးထပ်ဆောင်နှင့် အားကစား သမားများ အိပ်ဆောင်များတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ များသို့ လာရောက်ကြမည့် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်အတွက် ယခင်မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်သို့ ယာယီအသုံးပြုခွင့်ပေးထားသည့် အားကစားခန်းမနှင့် အဆောက်အအုံများအား ဌာနမှပြန်လည် လွှဲပြောင်းလက်ခံထားရှိကြောင်း အားကစားကွင်း၊ အားကစားရုံများ၏ လက်ရှိ လတ်တလောဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်း သိရှိခဲ့ရသည်။

 

ပါဝင်ယှဉ်ပြိုင်မည့်အားကစားနည်းများ

အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အားကစားနည်း ၅၆ နည်း ကျင်းပသွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အားကစား နည်းပေါင်း ၂၉ မျိုးသာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ မြားပစ်၊ ဘိလိယက်/စနူကာ၊ လှေလှော်၊ ဂျူဒို၊ ကရာတေး၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ ဟော်ကီ (Indoor)၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲ တင်တင်းနစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ တင်းနစ်၊ နပန်း/Kurashi အားနစ် (Arnis)၊ ရေကူး၊ စစ်တုရင်၊ဘောလုံး၊ ဂေါက်သီး၊ ရွက်လှေ/Surfing ၊ Skateboardingi 65:20Š (Fencing) og (Muay) 323:003: နည်းတို့ဖြစ်သည်။

 

နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်သည့် အားကစားနည်းများ

အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ကိုရီးယားနိုင်ငံမှ မြားပစ်နည်းပြ တစ်ဦး၊ အင်္ဂလန်နိုင်ငံမှ လှေလှော်နည်းပြ တစ်ဦး၊ အမေရိကန်နိုင်ငံမှ ဘော်လီဘော နည်းပြတစ်ဦး၊ ဂျပန်နိုင်ငံမှ ဂျူဒိုနည်းပြတစ်ဦး၊ တရုတ်နိုင်ငံမှ ပြေးခုန်ပစ် နည်းပြနှင့် ရေကူးနည်းပြတစ်ဦးစီ၊ ထိုင်းနိုင်ငံမှ ပီတန်း နည်းပြတစ်ဦး၊ ရုရှားနိုင်ငံနှင့် ဂျော်ဂျီယာနိုင်ငံများမှ နပန်းအားကစားနည်းအတွက် နည်းပြတစ်ဦးစီနှင့် ဖိလစ်ပိုင်နိုင်ငံမှ အားနစ် (Arnis) အားကစားနည်းအတွက် နည်းပြတစ်ဦး တို့အား ဆီးဂိမ်းပြိုင်ပွဲ ပြီးသည်အထိ ငှားရမ်းလေ့ကျင့်လျက်ရှိပြီး နိုင်ငံခြားနည်းပြတစ်ဦး ငှားရမ်းခအဖြစ် နိုင်ငံတော်မှ တစ်လလျှင် အမေရိကန် ဒေါ်လာ ၂ဝဝဝ နှုန်း၊ နေထိုင်စားသောက်စရိတ်၊ အသွား အပြန်လေယာဉ်စရိတ်ကျခံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။

 

ရွှေတံဆိပ်ဆု မျှော်မှန်းထားသည့် အားကစားနည်းများ

ဖိလစ်ပိုင်နိုင်ငံ ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း ၂၉ မျိုးအနက် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၃ မျိုးမှ ရွှေတံဆိပ်ဆွတ်ခူးရရှိနိုင်ရေး မျှော်မှန်းကြိုးစား ပြင်ဆင်လျက်ရှိကြောင်းနှင့် အဆိုပါ အားကစားနည်းများမှာ မြားပစ်၊ ဘိလိယက် / စနူကာ၊ ကနူးကယက်၊ ရိုးရာလှေ၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဝူရှူး၊ Arnis၊ လက်ဝှေ့၊ နပမ်းနှင့် ဂေါက်သီးတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

 

ငွေ၊ ကြေးဆုတံဆိပ်ရရှိရန် မျှော်မှန်းထားသည့် အားကစားနည်းများ

ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်မရနိုင်သော်လည်း ငွေ၊ ကြေး ဆုတံဆိပ်တစ်ခုခု ရရှိနိုင်ရေးအတွက် မွေ၊ စစ်တုရင်၊ ပီတန်း၊ တိုက်ကွမ်ဒို၊ဘော်လီဘော(ကျား)၊ ပြေးခုန်ပစ်၊ ဟော်ကီ၊ သေနတ်ပစ်၊ ရွက်လှေ၊ Surfing ၊ ဘောလုံး စသည့် အားကစားနည်း များမှ မျှော်မှန်း ကြိုးစားပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ ရွေးချယ်မှုအခြေအနေ

အကြိမ် (၃ဝ)မြောက် ဆီးဂိမ်းသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားနည်းများ ရွေးချယ်မှုနှင့်ပတ်သက်၍ ဆုတံဆိပ်ရရှိရန် မျှော်မှန်းသည့် အားကစားနည်းများအား ဦးစားပေးအဖြစ်လည်းကောင်း၊ အလားအလာရှိခြင်းနှင့် အတွေ့အကြုံရရှိရန် ရည်ရွယ်သည့် အားကစားနည်းများအား ဒုတိယဦးစားပေး အစီအစဉ်အဖြစ်လည်းကောင်း သတ်မှတ်၍ ပြည်ထောင်စုဝန်ကြီး ဦးစီးပြီး တစ်ကြိမ်၊ ဒုတိယဝန်ကြီးဦးစီး၍ လေးကြိမ်၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ အစည်းအဝေးတစ်ကြိမ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်(၃) ဦးစီး၍ အစည်းအဝေးနှစ်ကြိမ်၊ စုစုပေါင်း အစည်းအဝေး ရှစ်ကြိမ်ပြုလုပ်ပြီး အားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များမှ ၎င်းတို့အဖွဲ့ချုပ်များ၏ လူရွေးချယ်ရေးမူများဖြင့် ရွေးချယ်ထားမှု တင်ပြလာခြင်းအပေါ် စိစစ်ရွေးချယ်အတည်ပြုပေးခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။

(ဆက်လက်ဖော်ပြပါမည်)