အကြိမ်(၂၀)မြောက် အာဆီယံနှင့်အခြားနိုင်ငံများ သက်တန်းအလိုက် စစ်တု ရင်ပြိုင်ပွဲ မန္တလေးမြို့၌ ကျင်းပမည်

နေပြည်တော် ၃၁ မေ


အကြိမ်(၂၀)မြောက် အာဆီယံနှင့်အခြားနိုင်ငံများ သက်တန်းအလိုက် စစ်တုရင်ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ၍ မန္တလေးမြို့၊ မန္တလာသီရီ ဘက်စုံသုံးအား ကစားရုံ၌ ဇွန်လ ၉ ရက်မှ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၈)နိုင်ငံနှင့် အိန္ဒိယ၊ မွန်ဂိုလီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပြိုင်ပွဲဝင် အားကစားသမား (၆၈၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 


မောင်လူမော်