သာစည် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အကြိုအခြေခံမီးသတ် ပညာသင်တန်း (၁/၂ဝ၂၆) ကို ယနေ့နံနက်ပိုင်းက ပြည်ညောင်ကျေးရွာရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက် အပါချီဘိလပ်မြေစက်ရုံ၌ ဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အပါချီဘိလပ်မြေစက်ရုံ မီးဘေးလုံခြုံရေးအကြံပေးအရာရှိ ဦးဌေးဝင်းတို့က အမှာစကားပြောကြားပြီး ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် ဦးမွန်ကမ်းက သင်တန်းဖွင့်လှစ် ပို့ချခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်ကျေးရွာ) သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက်သည့် အဆိုပါသင်တန်းကို ရက်သတ္တနှစ်ပတ် ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့သင်ခန်းစာများ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


