“အကျိုးရှိအောင် ဆောင်ရွက်ပါ”

၁၃၈၃ ခုနှစ်ဟုဆိုအပ်သော     နှစ်ဟောင်း ကုန်ပျောက်၍ ၁၃၈၄ ခုနှစ်ဟုဆိုအပ်သော နှစ်သစ် မင်္ဂလာသို့ ရောက်ရှိသည့် အချိန်အခါမှစ၍ မြန်မာ နိုင်ငံတော်သူ / နိုင်ငံတော်သားအားလုံး မင်္ဂလာရှိစွာ ဖြင့် မိမိတို့ နေ့စဉ်ပြုလုပ်နေကြသည့် ကိုယ်ဖြင့် ပြုအပ်သော ကာယကံမှု-ကာယကံအလုပ်၊ နှုတ်ဖြင့် ပြောဆိုအပ်သော ဝစီကံမှု-ဝစီကံအလုပ်၊ စိတ်ဖြင့် ကြံစည်အပ်သော မနောကံမှု-မနောကံအလုပ်တို့ကို ပြုလုပ်ကြရာ၌   မိမိ+သူတစ်ပါးအကျိုးရှိအောင် ပြုလုပ် ဆောင်ရွက်နိုင်ရန်  လိုအပ်သဖြင့်    ဘုရားရှင် က သားတော်ရာဟုလာအား   “မှန်ကိုကြည့်ရှုရန် အသုံးပြုသကဲ့သို့ ကြည့်ရှုဆင်ခြင်၍ ကာယကံအမှု-ကာယကံအလုပ်ကို၊ ဝစီကံအမှု-ဝစီကံအလုပ်ကို၊ မနောကံအမှု-မနောကံအလုပ်ကို ပြုလုပ်ရမည်”ဟု မိန့်ကြားတော်မူအပ်သော ဩဝါဒဒေသနာတော်ကို ရိုသေလေးစား မှတ်သားလိုက်နာကြသောအားဖြင့် နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မိမိတို့ နေ့စဉ် ပြုလုပ်ဆောင်ရွက်နေကြရသည့်  ကာယကံအလုပ်၊ ဝစီကံအလုပ်၊ မနောကံအလုပ်တို့ကို  အပြစ်ဒေါသ ကင်း၍  မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နိုင်ငံအကျိုး၊ သာသနာတော်အကျိုး     စသောကောင်းသော အကျိုးကျေးဇူးတရားများဖြစ်ကြစေရန်     သတိ သမ္ပဇဉ်   ဉာဏ်အမြင်ဖြင့် ဆင်ခြင်ပြီး  ပြုလုပ်နိုင် ကြလျက်    ဘေးကင်းရန်ကွာ    ကျန်းမာချမ်းသာစွာ ဖြင့်    လိုရာဆန္ဒအဝဝတို့     ပြည့်ကြပါစေကြောင်း နှစ်သစ်မင်္ဂလာ         ဆုတောင်းပတ္ထနာပြုအပ်ပါ သတည်း။

ဘဒ္ဒန္တစန္ဒိမာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
 အကျိုးတော်ဆောင်ဆရာတော်