အကြမ်းဖက် ဆန္ဒပြသူများကြောင့် ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၌  ထိခိုက်မှုများပြား

ဟောင်ကောင် ၁ ဒီဇင်ဘာ

ဟောင်ကောင်၌ ဆန္ဒပြသူများ ရက်သတ္တနှစ်ပတ်ခန့် စခန်းချခဲ့သည့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် ပရိဝုဏ်အတွင်း၌ အန္တရာယ်ရှိသည့် ပစ္စည်းများကို ရဲတပ်ဖွဲ့က နှစ်ရက်ကြာအောင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက်တွင် တက္ကသိုလ်ပရိဝုဏ်အတွင်းသို့ ဝင်ခွင့်တားမြစ်ထားမှုကို ရဲတပ်ဖွဲ့က ပြန်လည်ရုပ်သိမ်းခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ထံမှ အုပ်ချုပ်မှုပြန်လည် လွှဲပြောင်းရယူပြီးနောက်တွင် တက္ကသိုလ်ဥက္ကဋ္ဌ တန်ကျင်ဂမ်က ဆန္ဒပြသူများ စခန်းချနေစဉ်အတွင်း တက္ကသိုလ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းယမန်နေ့က ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်းပရိဝုဏ်အတွင်းရှိ အဆောက်အအုံများ၊ အထောက်အပံ့ပစ္စည်း၊ ဓာတ်ခွဲခန်းများနှင့် အခြားပစ္စည်းများ အကြီးအကျယ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဥက္ကဋ္ဌက ပြောသည်။ အထက်တန်းကျောင်းသား ၃၀၀ ကျော်နှင့် အဆင့်မြင့် သိပ္ပံနည်းပညာတက္ကသိုလ်ကျောင်းသား ၄၆ ဦး အပါအဝင် ဆန္ဒပြသူ ၁၀၀၀ ခန့် တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ရှင်းလင်းရေးဆောင်ရွက်မှုအတွင်း ဓာတ်ဆီပုံး ၃၉၈၉ လုံး၊ ပေါက်ကွဲပစ္စည်း အပိုင်းအစ ၁၃၃၉ ခု၊ ဓာတုဆေးရည်ပုလင်း ၆၀၁ ပုလင်း နှင့် လက်နက်အပိုင်းအစ ၅၃၇ ခုတို့ကို ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ဆင်ဟွာ