အကြမ်းဖက်ဖောက်ခွဲ၊ သတ်ဖြတ်မှု ကြိမ်လျှင် ငွေကျပ် ၅ သောင်း ရရှိသဖြင့် ဝမ်းတွင်းမြို့နယ်အတွင်း ရဟန်း/သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက်

   

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့် ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် မသင်္ကာဖွယ် အမျိုးသား     သုံးဦးမှာ ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ရန် ဆောင်ရွက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ခင်ဘန်းကျေးရွာနေ ညီညီ (၂၈) နှစ်အား အသံတိတ်ပြောင်းပါ GLOCK ပစ္စတို လက်၊ ၎င်းကျည် ၁၀ တောင့် နှင့်အတူ အခင်းဖြစ်ပွားသည့်နေရာတွင် အသေဖမ်းဆီးရမိခဲ့ပြီး သဲတောလေး ကျေးရွာနေ ကျော်သက် (၃၀)နှစ်နှင့် နှင်းမောင် (၃၆) နှစ်တို့ နှစ်ဦးအား တူရကီနိုင်ငံထုတ် ပစ္စတို လက်၊ ၅ လုံးပြူး လက်၊ ပွိုင့် 38 ကျည် အတွောင့် ၂၀ ၊ ၉မမ ကျည် ၆၆ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

   

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၃၀ ရက်တွင် ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်ရပ်နေ သန့်ဇင်ထွန်း (ခ) ကိုဦး (၃၂) နှစ်အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

   

ဖမ်းဆီးရမိတရားခံ ကျော်သက်၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၃၁ ရက် တွင် ဝမ်းတွင်းမြို့နယ်၊ အင်းယင်းကျေးရွာအနီးရှိ ဖမ်းဆီးရန်ကျန်တရားခံ ထွန်းနိုင် ပိုင်ဆိုင်သည့် လယ်ကွင်းအတွင်းမှ လက်လုပ်ဗုံး သုံးလုံးအား သိမ်းဆည်းရမိခဲ့သည်။

   

ဖမ်းဆီးရမိ တရားခံ နှင်းမောင်၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၂ ရက်တွင် ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌  ငြိမ်းချမ်းဝင်းအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

   

ဖမ်းဆီးရမိ တရားခံ ကျော်သက်၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက်တွင် ဝမ်းတွင်း မြို့နယ်၊ တမာကုန်းကျေးရွာနေ ရဲရင့်သူ နှင့် လှိုင်စန်းဦးတို့ နှစ်ဦးအား လက်လုပ်ဗုံး လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နှစ်ဦး၏ ထွက်ဆိုချက်အရ ရွာတည်းနေ မျိုးဝင်းသန့်အား လက်လုပ်ဗုံး နှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

   

ဖြစ်စဉ်တွင် တရားခံ ကျား  ရှစ်ဦးအား လက်နက်ငယ်မျိုးစုံ သုံးလက်၊ ကျည်မျိုးစုံ ၉၆ တောင့်၊ လက်လုပ်ဗုံး ခြောက်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

   

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ နှင်းမောင်သည် ကျင်းရွာနေ ဖမ်းဆီးရန်ကျန် တရားခံ နန်းခိုင် ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းရွာနှင့် နေပူကုန်းကျေးရွာ ကြားရှိ သဲချောင်းတွင်လည်းကောင်း၊ ကျော်သက်သည် နှင်းမောင် ၏ ချိတ်ဆက်ပေးမှုဖြင့် ဩဂုတ်လတွင် ဝမ်းတွင်းမြို့နယ်၊ ဟစ်တော်မူ စေတီအနီး၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ရဲရင့်သူနှင့် လှိုင်စန်းဦးတို့ နှစ်ဦးသည် မျိုးဝင်းသန့်၏ ချိတ်ဆက်မှုဖြင့် အောက်တိုဘာလ (တတိယပတ်) တွင် တမာကုန်းကျေးရွာ အနောက်ဘက် တောစပ်အနီးတွင် ထွန်းနိုင်နှင့် နှင်းမောင်တို့ နှစ်ဦးမှ အကြမ်းဖက်သင်တန်းအား သင်ကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

    

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ WTRF အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးရန်ကျန် ဝမ်းတွင်းမြို့ (၁) ရပ်ကွက်နေ၊ ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင် မှဖွဲ့စည်းခဲ့ပြီး တရားခံ ငြိမ်းချမ်းဝင်းသည် ဆေးကုသရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ WTRF အကြမ်းဖက်အဖွဲ့ အတွက် လိုအပ်သော လက်လုပ်မိုင်း/ ဗုံးများအား ဟစ်တော်မူစေတီ အနီး၌ ကျင်းရွာနေ ဖမ်းဆီးရန်ကျန် တရားခံ သန့်ဇင်ဖြိုး နှင့် ရန်အောင်တို့မှ ပြုလုပ်၍ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ် သိရှိရပါသည်။

   

ဖမ်းဆီးရမိ တရားခံ နှင်းမောင် ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် တရားခံ နန်းခိုင် ၏ ချိတ်ဆက်ပေးမှုဖြင့် အောက်တိုဘာလတွင် မြင်းခြံမြို့နေ ဖမ်းဆီးရန်ကျန် တရားခံ ဗလကြီး ထံမှ ပစ္စတို နှစ်လက်နှင့် ၎င်းကျည် အတောင့် ၅၀ အား လည်းကောင်း၊ ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင် ထံမှ ငါးလုံးပြူး သေနတ် လက်၊ ကျည် ၂၆ တောင့်တို့အား ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရပါသည်။

   

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ‌ ဆောင်ရွက်ခဲ့မှုအနေဖြင့်-

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင် ၏ စေခိုင်းမှုဖြင့် နှင်းမောင်၊ ကျော်သက် နှင့် သဲတောလေးကျေးရွာနေ လွင်အောင်ဆင့် တို့ သုံးဦးသည် ဝမ်းတွင်းမြို့နယ်၊ ဖလန်ကျင်း ကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် သဲတောလေးကျေးရွာအနီးရှိ Mytel တာဝါတိုင်အား လည်းကောင်း။

 

အောက်တိုဘာလ ၁၃ ရက်တွင် သုံးဒေါင့်အိုင် ကျေးရွာအနီးရှိ Mytel တာဝါတိုင်အား လည်းကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ်သိရှိ ရပါသည်။

 

mdn

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ရဟန်း/သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှုအနေဖြင့်-

 

အောက်တိုဘာလ ၁၅ ရက်တွင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင် ၏ စေခိုင်းမှုဖြင့် ကျော်သက် နှင့် နှင်းမောင်တို့ နှစ်ဦးသည် ဝမ်းတွင်းမြို့နယ်၊ သဲစုကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးအားလည်းကောင်း။

 

အောက်တိုဘာ ၂၆ ရက်တွင် ခင်ကြီးကျေးရွာနေ WTRF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ နောင်နောင်ဦးသည်  ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦး အားလည်းကောင်း။

 

အောက်တိုဘာ ၂၇ ရက်တွင် သဲစုကျေးရွာနေ WTRF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ကျော်သူစိုး နှင့် ရန်အောင် တို့ နှစ် ဦးသည် ဝမ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲအုပ်စု၊ နဘဲကန်ကျေးရွာနေအပြစ်မဲ့ပြည်သူ ဦးအားလည်းကောင်း။

 

နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းရွာနေ WTRF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ဆန်းလင်းဖြိုး နှင့် နန်းခိုင်တို့ ၂ ဦးသည် ဝမ်းတွင်းမြို့နယ်၊ သုံးထောင့်အိုင်ကျေးရွာအုပ်စု၊ ကျင်းရွာကျေးရွာနေ ကျောင်းဆရာမ ဦးနှင့် အပြစ်မဲ့ပြည်သူ ဦးအား လည်းကောင်း။

 

နိုဝင်ဘာလ ၁၁ ရက်တွင် ညီညီ သည် ဖမ်းဆီးရန်ကျန် တရားခံ နန်းခိုင်၊ လွင်အောင်ဆင့်၊ ဆန်းလင်းဖြိုး တို့နှင့်အတူ သဲတောလေးကျေးရွာ၊ မင်္ဂလာမှန် ကျောင်းတိုက်မှ ဆွမ်းဘုန်းပေးနေသည့် ဆရာတော် ဥူးသောဘဏ အား လည်းကောင်း။

 

နိုဝင်ဘာလ ၁၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ရန်အောင် နှင့် ကျင်းရွာနေ ငညိုတို့ နှစ်ဦးသည် ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ဉာဏ်ကန် ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦး အား လည်းကောင်း။

 

နိုဝင်ဘာလ ၁၄ ရက်တွင် ညီညီ နှင့် ဆန်းလင်းဖြိုး တို့ ၂ ဦးသည် ဝမ်းတွင်းမြို့၊ (၃)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း။

 

ဒီဇင်ဘာလ ၁၁ ရက်တွင် ငညို နှင့် သန့်ဇင်ဖြိုး တို့ နှစ်ဦးသည် ဝမ်းတွင်းမြို့နယ်၊ သခွတ်မြင့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း။

 

ဒီဇင်ဘာလ ၁၁ ရက်တွင် ညီညီ သည် ဝမ်းတွင်းမြို့နယ်၊ ရိုးစုံအုပ်စု၊ မကျီး အုပ်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း။

 

ဒီဇင်ဘာလ ၁၇ ရက်တွင် ညီညီ၊ ကျော်သက်၊ လွင်အောင်ဆင့်၊ ကျော်သူစိုး တို့လေးဦးသည် သဲတောလေးကျေးရွာနေ အပြစ်မဲ့ပြည်သူ နှစ်ဦးအား လည်းကောင်း။

 

ဒီဇင်ဘာလ ၁၉ ရက်တွင် ညီညီ၊ ကျော်သက်၊ လွင်အောင်ဆင့်၊ ဆုံကုန်း ကျေးရွာနေ ဖိုးဝတို့လေးဦးသည် ဝမ်းတွင်းမြို့၊ သဲတော(၃)၊ အောင်ချမ်းသာရပ်နေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း။

 

ဒီဇင်ဘာလ ၂၁ ရက်တွင် ညီညီ၊ ကျော်သက်နှင့် လွင်အောင်ဆင့်တို့ သုံးဦးသည် ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ညီညီ၊ ကျော်သက် နှင့် ဖိုးဝ တို့ သုံးဦးသည် ဝမ်းတွင်းမြို့နယ်၊ ဆုံကုန်းကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း။

 

ဇန်နဝါရီလ ၈ ရက်တွင် ညီညီ၊ ကျော်သက်နှင့် လွင်အောင်ဆင့်တို့ သုံးဦးသည် ဝမ်းတွင်းမြို့၊ သဲတော(၃)ရပ်ကွက်၊ အောင်ချမ်းသာရပ်၌ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း။

 

ဇန်နဝါရီလ ၁၇ ရက်တွင် ညီညီ၊ ကျော်သက်နှင့် ဆုံကုန်းကျေးရွာနေ ဆံရှည်တို့ သုံးဦးသည် ဝမ်းတွင်းမြို့နယ်၊ ကျောက်အိုးကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း။

 

ဇန်နဝါရီလ ၁၈ ရက်တွင် ညီညီ၊ ဆံရှည်၊ ခင်ကြီးကျေးရွာနေ နေအောင်နှင့် မင်းခိုင်တို့ လေးဦးသည် ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာကျေးရွာနေ အပြစ်မဲ့ပြည်သူ    တစ်ဦးအားလည်းကောင်း။

 

ဇန်နဝါရီလ ၂၈ ရက်တွင် ကျော်သက်၊ ညီညီ၊ နှင်းမောင်၊ နန်းခိုင်၊ ဆန်းလင်းဖြိုး၊ ခံတောကျေးရွာနေ ထွန်းအောင်ကျော်နှင့် လိန်ပင် ကျေးရွာနေ ကုလားတို့ ခုနစ်ဦး သည် ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

   

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် WTRF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင်မှ အဓိက စေခိုင်းလျက်ရှိကြောင်း၊ အဖွဲ့ဝင်များအနက် အကြမ်းဖက်ဖောက်ခွဲ သတ်ဖြတ်မှု ပြုလုပ်သူများအား ငွေကျပ် ၅ သောင်း ပေးအပ်၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ သန့်ဇင်ထွန်း (ခ) ကိုဦးသည် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော WTRF အကြမ်းဖက်အဖွဲ့အား နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

   

အထက်ပါ WTRF အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု (၃) ကြိမ်၊ ရဟန်း/ သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု (၁၇) ကြိမ် တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

   

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။