အကယ်ဒမီဆိုတာ အားလုံးရဲ့ရင်ထဲမှာ ဘဝရဲ့ မှတ်တိုင်တစ်ခုလိုဖြစ်တဲ့တွက် ဒီနေ့မှာဘဝရဲ့ မှတ်တိုင်တစ်ခု ကိုရောက်သွားသလို ကိုယ့်ကိုယ်ကိုယ် ခံစားရတယ် (အေးမြတ်သူ - အကောင်းဆုံးအမျိုးသမီးရုပ်ရှင်ဇာတ်ပို့ထူးချွန်ဆု)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့သူများ၏ ပီတိစကားသံ

အကယ်ဒမီဆိုတာ အားလုံးရဲ့ရင်ထဲမှာ ဘဝရဲ့ မှတ်တိုင်တစ်ခုလိုဖြစ်တဲ့တွက် ဒီနေ့မှာဘဝရဲ့ မှတ်တိုင်တစ်ခု ကိုရောက်သွားသလို ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်။ ပရိသတ်တွေရဲ့ အချစ် တွေနဲ့အတူ ကိုယ့်ဆန္ဒတွေလည်း ပြည့်သွားတဲ့အတွက် ဝမ်းသာပါတယ်။ အနုပညာဖန်တီးတဲ့သူ အားလုံးရဲ့ အိပ်မက်တွေဟာ အကယ်ဒမီပါ။ ဒီနေ့ ဒီအကယ်ဒမီလေးကိုရတဲ့အတွက် အလွန် ဝမ်းသာပါတယ်။ အဖေအမေတွေအတွက်လည်း ကိုယ်ကပညာရေးမှာ သိပ်မထူးချွန်ခဲ့တဲ့အတွက် သရုပ်ဆောင်ပိုင်းမှာ အခုလို ထူးချွန်ဆုရတဲ့အတွက် သမီးကောင်း တစ်ယောက်အနေနဲ့ မိဘကို ကျေးဇူးဆပ်နိုင်တယ်လို့ ခံစားရပါတယ်။ ကိုယ့်ကို သင်ကြားပေးခဲ့တဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပိုပြီးတော့ ကြိုးစား သွားမှာပါ။

တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)

ဓာတ်ပုံ-ဖေဇော်