နည်းပြ အယ်ဗာရို အာဘီလိုအာက နွေရာသီတွင် ကလပ်အသင်းသစ် ရှာဖွေထားရန် အလက်ဇန္ဒြားအာနိုးကို တိုက်တွန်းထားသည်ဟု စပိန်သတင်းအရင်းအမြစ်များတွင် ဖော်ပြထားသော်လည်း ၎င်းကို ရီးရဲမက်ဒရစ်အသင်းမှ ထွက်ခွာရန် ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။ အာနိုးသည် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသူဖြစ်သည်။ ၎င်းသည် ယခုနှစ်ရာသီတွင် ရီးရဲမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုးသွင်းယူထားနိုင်ခြင်းမရှိဘဲ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

မိုးဇက်