အလုပ်အကိုင် အခွင့်အလမ်း (၃၀ဝ၀) ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြု

နေပြည်တော် ၂၈ ဇွန်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၁၂)ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၇၄ ဒသမ ၂၄၇) သန်းနှင့် ကျပ် (၆၂၇၇၅ ဒသမ ၇၇၂) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၉၀၉) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

သတင်းစဉ်