အလုပ်အကိုင်အခွင့်အလမ်း (၃၀ဝ) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

ရန်ကုန် ၁၄ ဇွန်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၂၇ ဒသမ ၄၀၈) သန်းနှင့် ငွေကျပ် (၁၄,၅၁၉ ဒသမ ၆၈) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၃၁၆) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)