အလုပ်ခွင်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစုအား ငွေလုံးငွေရင်း အကျိုးခံစားခွင့်ပေးအပ်

ရေနံချောင်း ဖေဖော်ဝါရီ  ၂၄

အလုပ်သမားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစုအား ငွေလုံး ငွေရင်း အကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ  ၂၃ ရက်က အဆိုပါ ရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထား ခြင်းဖြင့် ရရှိလာမည့် အကျိုးခံစားခွင့်များနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် DENKO စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်း ဦးအောင်ဌေးလင်းသည် အလုပ်တွင် ထိခိုက်သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်း အကျိုးခံစားခွင့်  ခွင့်ပြုငွေကျပ် သိန်း ၉၀ ကို ဇနီးဖြစ်သူ ဒေါ်လှမြင့်သူထံသို့ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ပေးအပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်၊ မြို့နယ်လူမှု ဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်နွယ်နီဝင်းနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ DENKO စက်သုံးဆီအရောင်းဆိုင် မန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်