နေပြည်တော် နိုဝင်ဘာ ၅

အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်စီမံမှုဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့ရှိ ဆရာဝန်၊ သူနာပြုများက ရေဘေးဒဏ်ခံခဲ့ရသော ဇေယျာသီရိမြို့နယ်၊ ချောင်းကမ်းကြီး ကျေးရွာမှ နှာစေးချောင်းဆိုး၊ ဖျားနာ၊ ဝမ်းရောဂါ၊ ပါးအကြိတ်ရောင်ရောဂါနှင့်အထွေထွေအားနည်း ရောဂါလူနာ ကျား(၂၃)၊ မ(၃၄) ဦး၊ စုစုပေါင်း (၅၇) ဦးတို့ကိုနိုဝင်ဘာ ၅ ရက်တွင် စတုတ္ထအကြိမ် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  အကျုံးဝင်အာမခံအလုပ်သမားများကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့်အပြင် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အခါအားလျော်စွာ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်