အလုပ်သင်ဆရာဝန်(၇/၂၀၂၂) သင်တန်းဖွင့်ပွဲနှင့် အလုပ်သင်ဆရာဝန်ကြိုဆိုပွဲပြုလုပ်

မန္တလေး ဇူလိုင် ၁၅

 

အလုပ်သင်ဆရာဝန်(၇/၂၀၂၂) Orientation Course for House Officers သင်တန်းဖွင့်ပွဲနှင့် အလုပ်သင် ဆရာဝန်ကြိုဆိုပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီတွင် ဆေးတက္ကသိုလ်(မန္တလေး)၌  ကျင်းပသည်။

 

ရှေးဦးစွာ ဆေးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ မျိုးသက်တင်က အမှာစကားပြောကြား၍ ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး၊ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ/ဌာနမှူး၊ ဆေးပညာဌာန ပါမောက္ခ၊ ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာန တွဲဖက် ပါမောက္ခတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး အလုပ်သင်ဆရာဝန်များ လိုက်နာ ရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်သိထားသင့်သည်များကို ဆွေးနွေးပြောကြားသည်။

 

နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲအောင်မြင်ခဲ့ကြသူများသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်မှ စတင်၍   ဆေးတက္ကသိုလ်၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင် ဆရာ၀န်အဖြစ် လေ့ကျင့်တာ၀န် ထမ်းဆောင်ကြရမည်ဖြစ်ရာ လူနာများနှင့် တိုက်ရိုက်မထိတွေ့မီ ပုံတူပြု လေ့ကျင့်သင်ကြားခြင်းစနစ်ဖြင့် စုပေါင်းသင်ကြားခြင်း (Common Module)ကို Skill Lab ခန်းတွင် ဇူလိုင် ၁၃ နှင့် ၁၄ ရက်များတွင် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)