အမေဇုန်မိုးသစ်တော မီးလောင်မှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံ

နယူးယောက် ၂၃ စက်တင်ဘာ

လွန်ခဲ့သည့်လအတွင်း အမေဇုန်မိုး သစ်တောအတွင်း တောမီးလောင်မှု များဖြစ်ပေါ်ခဲ့ပြီးနောက် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းတွင် ကန့်ကွက်သံ များ ဆူဆူညံညံပေါ်ထွက်လာသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးမိုးသစ် တော မီးလောင်မှုအတွက် ကမ္ဘာ့ခေါင်း ဆောင်များသည် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့ကြသည်။ ဘရာဇီး အမျိုးသား အာကာသ လေ့လာရေးအင်စတီကျု၏နောက်ဆုံးရရှိထားသော ဂြိုဟ်တုမှ ပုံရိပ်များအရ ဇန်နဝါရီလမှစတင်ကာ နိုင်ငံအတွင်း တောမီးလောင်မှုပေါင်း ၁၃၁၆၀ဝ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

တောမီးလာင်မှုများမှာ အများအား ဖြင့်လူများ၏ ပယောဂကြောင့် ဖြစ်ပွားရ ခြင်းဖြစ်ပြီး တောင်ယာစိုက်ပျိုးရန် မြေယာရှင်းလင်းရာမှ မီးလောင်မှုဖြစ်ပွား ရပြီး သစ်တောအတွင်း ဝမ်းနည်း ကြေကွဲဖွယ်ရာ ရလဒ်များ ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် လက်ယာစွန်းရောက် သမ္မတ ဘော်ဆွန် နယ်ရို ဇန်နဝါရီ ၁ ရက်တွင် အာဏာရလာ သည့် အချိန်မှစတင်ကာ အမေဇုန် သစ်တောပြုန်းတီးမှုမှာ နှစ်ဆဖြစ်လာခဲ့ သည်။

 

ဘရာဇီးနိုင်ငံသားများ တောမီး လောင်မှုအတွက် မိမိကိုတိုက်ခိုက်နေကြ သည်မှာ ဝမ်းနည်းစရာကောင်းကြောင်းဘရာဇီးသမ္မတက ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားခဲ့သည်။ ဘရာဇီးသမ္မတသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး စိတ်အားထက်သန်သူ မဟုတ်သော် လည်း လွန်ခဲ့သည့်လအတွင်း အမေဇုန် တောမီးကို ငြှိမ်းသတ်နိုင်ရေး တပ်ဖွဲ့ များ စေလွှတ်ခဲ့သည်။ ပြင်သစ်နိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သည့် ဂျီ - ၂၀ ထိပ်သီးအစည်းအဝေးတွင်လည်း ဘရာ ဇီးနိုင်ငံသည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ ရသည်။ စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြင်သစ်သမ္မတက ချီလီ သမ္မတ၊ ကိုလံဘီယာသမ္မတတို့နှင့်အတူ အမေဇုန်တောမီးအတွက် ကမ္ဘာလုံးဆိုင် ရာ လှုပ်ရှားမှုကို တောင်းဆိုသွားမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ဘရာဇီးနိုင်ငံက တက်ရောက်မည် မဟုတ်ပေ။ သို့သော် စက်တင်ဘာ ၂၃ ရက် ယနေ့တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ရာသီဥတု အစည်းအဝေးတွင် ဘရာဇီး နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရီကာဒိုဆယ်လက်စ် တက်ရောက်မည် ဖြစ်သည်။

အေအက်ဖ်ပီ