အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ပေါလ် ဗောလ်ကာ  အသက် ၉၂ နှစ် ကွယ်လွန်

၁၀ ဒီဇင်ဘာ

 

အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ပေါလ် ဗောလ်ကာ  အသက် ၉၂ နှစ်သည် ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု သိရသည်။

 

ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန်နှင့် ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က အတိုးနှုန်းများအဆမတန်မြှင့်တင်ခဲ့ခြင်းကြောင့် ဗောလ်ကာ သည် လူသိများလာခဲ့သည်။

 

mdn

 

ပေါလ် ဗောလ်ကာ ကို ၁၉၂၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် နယူးယောက်၏ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် အဓိကရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

 

ထို့နောက် သူသည် ၁၉၇၉ ခုနှစ်မှစတင်ကာ ဗဟိုဘဏ်၏ မူဝါဒဘုတ်အဖွဲ့တွင် ရှစ်နှစ်ကြာ ဦးဆောင်လုပ်ကိုင်ခဲ့သည်။

 

mdn

 

ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ကြီးကြပ်ရေးတာဝန်ကိုလည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့သည်။

 

ဤလုပ်ဆောင်ချက်များကို ဟု ​ဗောလ်ကာ စည်းမျဥ်း  လူသိများကြသည်။ ထို ဗောလ်ကာ စည်းမျဉ်းသည် လက်ရှိ ဘဏ္ဍာရေး စည်းမျဉ်းများကို အခြေခံသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို