အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer ထုတ် ကာကွယ်ဆေး ဂျပန်နိုင်ငံတွင် အသုံးပြုခွင့်လျှောက်ထား

ဒီဇင်ဘာ ၁၈

 

 

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer ထုတ် ကာကွယ်ဆေးသည် ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အဖြစ် ပထမဆုံး ခွင့်ပြုချက် တောင်းခံသော ကာကွယ်ဆေးဖြစ်သည်။

 

 

အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က ဂျပန်ကျန်းမာရေးဝန်ကြီးဌာနထံ ကာကွယ်ဆေးအသုံးပြုခွင့် ယနေ့တွင် လျှောက်ထားခဲ့သည်။

 

 

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့တွင် Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သော ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခြင်းကိုလုပ်ဆောင်လျက်ရှိသည်။

 

 

ဂျပန်အစိုးရနှင့် Pfizer ကုမ္ပဏီတို့သည် အခြေခံ သဘောတူညီချက်ကို အစောပိုင်းက ရရှိခဲ့သည်။

 

 

ကုမ္ပဏီ အနေဖြင့် လာမည့်နှစ် ဇွန်လကုန်အထိ လူပေါင်းသန်း ၆၀ ကို ကာကွယ်ဆေး ထိုးနှံရန် ကာကွယ်ဆေးအလုံအလောက် ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ဂျပန်နိုင်ငံတွင် အောက်တိုဘာမှ စတင်ကာ ဆေးဝါးကုသမှု လက်တွေ့စမ်းသပ်လုပ်ဆောင်ခဲ့သည်။

 

 

Pfizer ကုမ္ပဏီက ၎င်းကာကွယ်ဆေးသည် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့စမ်းသပ်မှု ရလဒ်များအပေါ် အခြေခံပြီး ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိသော ကာကွယ်ဆေး ဖြစ်သည်ဟု ဆိုသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

a1