အမေရိကန် ဒုံးကျည်စမ်းသပ်မှု တရုတ်ကို တုန့်ပြန်ရန်ရည်ရွယ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

၂၂ ဩဂုတ်

မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုသည် တရုတ်နိုင်ငံ၏ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် သိုလှောင်သိမ်းဆည်းမှုကို တုန့်ပြန်ရန် ရည်ရွယ်ကြောင်း  အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်အက်စပါက ပြောကြားခဲ့သည်။

အမေရိကန်သည် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်အရ တားမြစ်ထားတည့် ပဲ့ထိန်းဒုံးကျည်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားနိုင်ငံကြား သဘောတူထားသော နျူကလီးယား လက်နက်များ ထိန်းချုပ်ရေး သဘောတူစာချုပ်သည် ဩဂုတ် ၂ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ 

တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့် ရည်ရွယ်ချက်များကို ဆင်ခြင်သုံးသပ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအတွက် ရေရှည်တွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံထက် ဉီးစားပေး စဉ်းစားရမည်ဖြစ်ကြောင်း ယမန်နေ့က Fox News နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အက်စပါက ယခုကဲ့သို့ ဖြေသွားခဲ့ခြင်းဖြစ်သည်။

တာတိုပစ်ခတ်နိုင်သည့် ကိုယ်ပိုင်စွမ်းရည်များရှိခြင်းဖြင့် တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများကို တားမြစ်နိုင်သည့် စွမ်းဆောင်မှုများ လုပ်ဆောင်နိုင်ရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ တာတိုပစ် ဒုံးကျည် စမ်းသပ်မှုနှင့် ပတ်သက်၍ အရေးမကြီးကြောင်းနှင့် တာဝေးပစ်ဒုံးကျည်များကသာ စိုးရိမ်ဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်