အမေရိကန် ကာကွယ်ရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ အိန္ဒိယကို သွားရောက်မယ်

၂၁ အောက်တိုဘာ

 

 

အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ် အက်စ်ပါ က သူနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အိန္ဒိယနိုင်ငံကို လာမယ့် သီတင်းပတ်အတွင်းသွားရောက်မယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

 

 

ကာကွယ်ရေးဝန်ကြီးက အိန္ဒိယဟာ အမေရိကန်အတွက် အကောင်းဆုံး မိတ်ဆွေဖြစ်တယ်။ ဒီရာစုနှစ် အတွင်း အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသတွင်းမှာ သေချာမှု ရှိရန်အတွက် အိန္ဒိယက အရေးပါဆုံး မိတ်ဆွေ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

 

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး လူတော်တွေရှိတဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ ဟိမဝန္တာ ဒေသမှာ တရုတ်ရဲ့ ရန်လိုမှုကို နေ့စဉ် ရင်ဆိုင်နေရကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

 

အမေရိကန် ကာကွယ်ရေးရဲ့ ခရီးစဉ်အကြောင်း ပြောကြားချက်ဟာ နောက်လ အတွင်းမှာ အိန္ဒိယကမ်းရိုးတန်းမှာ စစ်ရေးလေ့ကျင့်မှုတွင်  ဩစတြေးလျက ပါဝင်မယ့်လို့ ကြေညာအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

 

နောက်လ အတွင်းမှာ အိန္ဒိယ အနောက်ပိုင်း ကမ်းရိုးတန်းရဲ့ တောင်ဘက်ပိုင်းရှိ မာလာဘာ မှာ အိန္ဒိယ၊ အမေရိကန် နဲ့ ဂျပန်တို့က ရေတပ် လေ့ကျင့်ရေး လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

 

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်ဟာ အိန္ဒိယနဲ့ ပူးပေါင်းပြီး လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်း လေ့ကျင့်ရေး လုပ်ရန် ပထမဦးဆုံးအကြိမ် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

 

 

ပြီခဲ့တဲ့လကလည်း နှစ်နိုင်ငံကြားမှာ ဆိုက်ဘာ ကာကွယ်ရေး ဆွေးနွေးမှု လုပ်ခဲ့ကြောင်း သိရပါတယ်။

 

 

အင်ဒိုပစိဖိတ် ဒေသတွင်းက စိန်ခေါ်မှုတွေအတွက် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့က အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီး အက်စ်ပါက ပြောပါတယ်။

 

 

MDN

ကိုးကား - AFP

a1