အမေရိကန် ကျန်းမာရေးဝန်ထမ်းတစ်ဦး ကာကွယ်ဆေးထိုးအပြီး allergic တုံ့ပြန်မှု တွေ့ရ

၁၇ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထိုးအပြီး ပြင်းထန်တဲ့ allergic တုံ့ပြန်မှု တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ အင်္ဂါနေ့က ကာကွယ်ဆေးထိုးအပြီး ၁၀ မိနစ်အတွင်းမှာ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန် နှုန်းမြန်လာခြင်း စတဲ့ ပြင်းထန်တဲ့ allergic တုံ့ပြန်မှု တွေ့ရတဲ့အတွက် ဆေးရုံမှာ ဆေးကုသခံနေရပေမယ့် စိုးရိမ်စရာ မရှိကြောင်း သိရပါတယ်။ Pfizerဆေးကုမ္ပဏီကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေကြောင်း အတည်ပြုပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးမှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့ ဗြိတိန်အစိုးရက allergies ဖြစ်တတ်တဲ့ သူတွေအား ကာကွယ်ဆေး မထိုးရန် အကြံပြုထားပါတယ်။

 

ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ကို allergies ရှိသူများ ကာကွယ်ဆေးမထိုးသင့်ကြောင်း အမေရိကန် ဆေးဝါးစည်းမျဉ်းစည်းအဖွဲ့က သတိပေးထားပါတယ်။

 

Pfizerဆေးကုမ္ပဏီရဲ့ ပြောခွင့်ရသူက အလက်စကာ က ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာနေကြောင်း၊ လိုအပ်ရင် ကာကွယ်ဆေးလမ်းညွှန်ကို ဘာသာစကားများပါ ထည့်ပေးမယ်လို့ ဆိုပါတယ်။

 

Pfizer မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေးကို နောက်ဆုံးအဆင့်အနေနဲ့ လူပေါင်း ၄၄,၀၀၀ နဲ့ စမ်းသာရာတွင်  allergies ဖြစ်တတ်တဲ့ သူတွေမပါဝင်ကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံတွင် အခုသီတင်းပတ်အတွင်း လူ ၃ သန်းနီးပါကို ကာကွယ်ဆေး ထိုးဖို့ လျာထားပါတယ်။ Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်ပေးခဲ့မယ်ဆိုရင် အခုလ အတွင်းမှာ လူပေါင်း သန်း ၂၀ နီးပါးအား ကာကွယ်ဆေး ထိုးပေးရန် မျှော်လင့်ထားပါတယ်။

 

MDN

ကိုးကား - AFP