အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးမှု မကြာမီ စတင်မည်ဟု ပွန်ပီယို မျှော်လင့်

မြောက်ကိုရီးယားနိုင်ငံမှ မကြားသေးခင်က ဒုံးကျည်ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံမှာ နျူကလီးယားဖျက်သိမ်းရေးနှင့်ပတ်သက်၍ တိုးတက်မှုပြုလုပ်နိုင်မည်ဟု အကောင်းမြင်ဆဲဖြစ်ကြောင်း  အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

ကျွန်တော်တို့ဟာ မကြာမီကာလအတွင်းမှာ နောက်တစ်ကြိမ် လက်တွေ့လုပ်ဆောင်နိုင်သည့် အဆင့်ရှိသည့် ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

သို့သော်လည်း မည်သည့်အချိန်တွင် အစည်းအဝေးကျင်းပမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရပေ။

ယခုအပတ် နှောင်းပိုင်းတွင် ဘန်ကောက်တွင် ကျင်းပမည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု၏ ပြင်ပတွင် ပွန်ပီယိုနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုတို့ တွေ့ဆုံဆွေးနွေးရန် ၎င်းက မျှော်လင့်လျက်ရှိနေသည်။ 

ထိုအတောအတွင်း ပြုံးယမ်းကို ဝါရှင်တန်အနေဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်သဖြင့် ဗီယက်နမ်နိုင်ငံအခြေစိုက် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးကို ပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ်မှာ တိုင်းပြည် ပြင်ပသို့ ကုန်စည်များပို့ဆောင်ရန် ကူညီပေးခြင်းအားဖြင့် ပြည်ပဝင်ငွေရရှိအောင် မြောက်ကိုရီးယားအစိုးရကို ကူညီခဲ့သည်ဟု စွပ်စွဲထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်