အမေရိကန် နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၀,၀၀၀ နီးပါး ရှိ

၂၄ အောက်တိုဘာ

 

 

အမေရိကန် နိုင်ငံမှာ  ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၀,၀၀၀ နီးပါး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၇၉,၉၆၃ ဦးကို ၂၄ နာရီအတွင်း တွေ့ရှိရာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၈.၅ သန်းနီးပါး ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၀,၀၀၀ နီးပါးကို ဇူလိုင်လက ရှိဖူးခဲ့ကြောင်း၊ နိုင်ငံရဲ့ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ တက်ဆက်နဲ့ ဖလော်ရေဒါ ပြည်နယ်တွေမှာ ပိုးတွေ့ရှိသူ များခဲ့စဉ်က ဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေဟာ အခုချိန်မှာ ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

 

လက်ရှိအချိန်မှာ နိုင်ငံရဲ့ ပြည်နယ် စုစုပေါင်း ၅၀ ထဲမှ  ၃၅ ခုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေကြောင်း သိရပါတယ်။ ရောဂါပိုးကြောင့် သေဆုံးသူ နေ့စဉ် ၇၀၀ ကနေ ၈၀၀ ကြားရှိကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အမေရိကန် နိုင်ငံမှာ သေဆုံးသူ ၂၂၃,၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

 

 

မျက်နှာဖုံး ဝတ်ဆင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူထဲမှ  ၁၃၀,၀၀၀ နီးပါးကို ကာကွယ်နိုင်မယ်လို့ လေ့လာတွေ့ရှိမှာ ဖော်ပြာထားပါတယ်။ ဒါ့အပြင် မျက်နှာဖုံး ဝတ်ဆင်ရေးဟာလည်း အမေရိကန် နိုင်ငံရဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက်လည်း အငြင်းပွားစရာ ကိစ္စတစ်ခု  ဖြစ်လာပါတယ်။

 

 

MDN

ကိုးကား - AFP

a2