အမေရိကန် ပြောင်းဖူး ဂျပန်သို့ပိုမို တင်သွင်းမည်

၂၆ သြဂုတ်


လာမည့်စက်တင်ဘာလတွင် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည် ဂျပန်နှင့် အမေရိကန်ကြား ကုန်သွယ်ရေး သဘောတူညီချက်မှ  သီးခြားသဘောတူညီချက်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံမှ ပြောင်းဖူးကို ဂျပန်နိုင်ငံ က ဝယ်ယူဖို့စီစဉ်ထားသည်။


အင်းဆက်ပိုးမွှားများကြောင့် ဂျပန်နိုင်ငံ၏ ပြောင်းသီးနှံများပျက်စီးခဲ့သဖြင့် ထပ်မံတင်သွင်းရန်လိုအပ်သည်ဟု  အစိုးရ တာဝန်ရှိသူများက ဆိုသည်။


အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ပဋိပက္ခကြောင့် ၎င်းလယ်ယာထုတ်ကုန်များအတွက် အခြားဝယ်လက်များရှာဖွေနေစဉ် ထိုသဘောတူညီချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။


တိရစ္ဆာန်အစာအတွက် နောက်ထပ် ပြောင်းဖူးတန်ချိန် ၂ ဒသမ ၅ သန်းကို  ဂျပန်ကုမ္ပဏီများက ဝယ်ယူမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


ဂျပန်နိုင်ငံသည် ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းမှုမှာ တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းခန့်ရှိသည်။


စက်တင်ဘာလတွင် စတင်ကာ အပိုတင်သွင်းမှုများလုပ်ဆောင်မည်ဖြစ်သည်။ အမေရိကန် မှ ၎င်းပြောင်းဖူးများ၏ ၉၀ ရာခိုင်နှုန်းကျော် ကို ဂျပန်က ဝယ်ယူပြီးဖြစ်သည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို