အမေရိကန် ပြည်ထောင်စုတွင်  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်သိန်း ကျော်လွန်လာပြီဖြစ်

၂၃ စက်တင်ဘာ

 

 

အမေရိကန် ပြည်ထောင်စုတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သိန်း ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

 

ရောဂါကူးစက်မှုများသည် ဩဂုတ်လအတွင်း ကျဆင်းသွားခဲ့သော်လည်း အနောက်ပိုင်း ပြည်နယ်များ ဖြစ်သော ၀စ်ကွန်ဆင်ပြည်နယ်နှင့် မင်နီဆိုတာပြည်နယ်၊ တောင်ပိုင်း တက္ကဆက်ပြည်နယ် အပါအ၀င် အချို့ဒေသများ၌ စက်တင်ဘာလလယ်ပိုင်းမှစ၍ ရောဂါကူးစက်မှုများမှာ များပြားလာခဲ့သည်။

 

 

မက်ဆာချူးဆက်ပြည်နယ် အပါအဝင် အခြားသော ပြည်နယ်များ၌ သေဆုံးသူ ၇၀၀၀ ကျော်ထိ ရောက်ရှိလာပြီ ဖြစ်သည်။ 

 

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ပြည်ထောင်စုရှိ လူပေါင်း ၃၇၈၀၀၀၀ ကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ဖွယ်ရှိသည်ဟု ဝါရှင်တန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ခန့်မှန်းထားလျက်ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်