အမေရိကန် ပုဂ္ဂလိက လဆင်းယာဉ်  လပေါ်သို့လွှတ်တင်

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁၅

အမေရိကန်       ကုမ္ပဏီဖြစ်သည့် Intuitive Machines သည် ပထမ  ဆုံးအကြိမ်အဖြစ်     ဖေဖော်ဝါရီ ၁၅    ရက်က    လဆင်းယာဉ်ကို အာကာသသို့လွှတ်တင်ခဲ့ကြောင်း သိရသည်။   ဆယ်စုနှစ်    ငါးစုစာအတွင်း   ပထမဆုံးအကြိမ်အဖြစ်  အမေရိကန်အာကာသယာဉ် လပေါ်သို့         ဆင်းသက်နိုင်ရေးအတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်း လည်းဖြစ်သည်။

အိုင်အမ် - ဝမ်း ဟု အမည်ပေး ထားသည့်   အဆိုပါ မစ်ရှင်မှာ ပထမဆုံး စက်ရုပ်တီထွင် အသုံးချမှု နည်းပညာသုံး ပျံသန်းမှုခရီး စဉ်ဖြစ်ပြီး လဆင်းယာဉ်ပေါ်တွင်  သိပ္ပံဆိုင်ရာအချက်အလက်များစွာ   ပါဝင်သည်။    အဆိုပါ လဆင်းယာဉ်ကို ဖလော်ရီဒါပြည်နယ် နာဆာ၏ ကနေဒီ အာကာသစခန်းမှ နေ၍  စပေ့အိတ်စ်ဖယ်ကွန် ၉  ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တင်ပြီး တစ်နာရီ အကြာတွင်  အဆိုပါယာဉ်မှာ ဒုံးကျည်မှ   အောင်မြင်စွာ  ဖယ်ထွက်နိုင်ပြီဖြစ်ကြောင်း၊ လပေါ်သို့ ဦးတည်ကာ   ဆက်လက်ခရီးဆက်နေပြီဖြစ်ကြောင်း  နာဆာမှ အတည်ပြုခဲ့သည်။

မစ်ရှင်၏သိပ္ပံနည်းကျ အချက်အလက်များတွင်   ရေဒီယိုနက္ခတ္တဗေဒနှင့် အာကာသရာသီဥတုတို့ လမျက်နှာပြင်နှင့်   ဆက်စပ်မှုတို့ကို  လေ့လာမှုများ  ပါဝင်မည်ဖြစ်သည်။ တိကျသော ဆင်းသက် ခြင်း နည်းပညာများနှင့် ဆက်သွယ်ရေးနှင့်  လမ်းကြောင်းပြဆိုင်ရာ စွမ်းရည်များကို  ပြသသွားမည် ဖြစ်ကြောင်း နာဆာ၏ ထုတ်ပြန်ချက်အရ   သိရသည်။   နာဆာသည် အမေရိကန်ကုမ္ပဏီ   အချို့နှင့် ပူးပေါင်းကာ လမျက်နှာပြင်ပေါ်သို့ သိပ္ပံနှင့်   နည်းပညာအချက်အလက်များ ပို့ဆောင်ရန် ဆောင်ရွက် လျက်ရှိသည်။        

ဆင်ဟွာ