အမေရိကန် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကြော်ငြာများကို ဖေ့စ်ဘွတ်မှ ကန့်သတ်သွားမည်

ဝါရှင်တန်   ၅  စက်တင်ဘာ

အမေရိကန် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကြော်ငြာများကို ဖေ့စ်ဘွတ်က ကန့်သတ်ပိတ်ပင်သွားမည်ဟု ကုမ္ပဏီဘက်မှ ပြောကြားခဲ့သည်။ ဖေ့စ်ဘွတ်သုံးစွဲသူများ၏ လူမှုကွန်ရက်တွင် နှောင့်ယှက်မှုများနှင့် သတင်းအချက် အလက်အမှားများ ဖြန့်ဝေမှုများ လျော့နည်းသွားစေရေး နိုင်ငံရေးကြော်ငြာများကို ကန့်သတ် သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲမှာပုံမှန်စီးပွားရေး လုပ်ငန်းအတိုင်းသွားမည် မဟုတ်ဟု ဖေ့စ်ဘွတ်မှ စီအီးအိုမက်ဇူကာဘတ်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေး ဖေ့စ်ဘုတ်မှ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ပြိုင်ပွဲဝင်မည့် သူများအကြား ရိုင်းစိုင်းသည့်ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း လူမှုကွန်ရက်မီဒီယာ ကုမ္ပဏီကြီးသည် နိုင်ငံရေးအရကြော်ငြာမှုများကို ခွင့်ပြုခဲ့သည်။

ယခုလိုကြေညာချက် ထုတ်ပြန်ခြင်းသည် အဆိုပါမူဝါဒကို ပြုပြင် မွမ်းမံရန် မီးမောင်းထိုးပြလျက်ရှိ သည်။ ရွေးကောက်ပွဲရလဒ် အတည်မပြုမီ ရွေးကောက်ပွဲဝင်သူများနှင့် မဲဆွယ်လှုပ်ရှားမှုများ၏ သတင်းတင်မှုများ အတွက် အမှတ်အသားကို ဖေ့စ်ဘွတ်မှ ဖန်တီးသွားမည်ဟု ဖေ့စ်ဘွတ်က ပြောသည်။ မဲဆန္ဒရှင် အများစုမှာ ကိုဗစ်-၁၉ ကူးစက်မည်ကို ကြောက်ရွံ့သဖြင့် စာတိုက်မှ မဲပေးခြင်းကိုသာ လုပ်ဆောင်မည်ဟုခန့်မှန်း ထားသည့်အတွက် ယခုနှစ်အတွက် ရွေးကောက်ပွဲသတင်း တရားဝင်ကြေညာမှုမှာ နှောင့်နှေးနိုင်မည် ဖြစ်သည်။

အင်န်အိတ်ချ်ကေ