အမေရိကန် သမ္မတ ထရန့် ဥရောပသို့ထွက်ခွာ

၃ ဇွန် 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပ သုံးနိုင်ငံ ခရီးစဉ် အတွက် ယမန်နေ့က ဝါရှင်တန်က ထွက်ခွာခဲ့ကြောင်း သိရသည်။

 

ထရန့်သည်  ဥရောပခရီးစဉ်ဖြစ်သည့် ဗြိတိန်နိုင်ငံသို့ ပထမဆုံး သွားရောက်မည် ဖြစ်သည်။ 

 

ထရန့်သည် ဘုရင်မကြီး အဲလစ်ဇဘက်နှင့် တွေ့ဆုံရန်နှင့် သူမနှင့် နေ့လယ်စာ စားရန် စီစဉ်ထားသည်။ သူသည် ဝန်ကြီးချုပ် ထရီဇာမေ နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 

ဥရောပ သမဂ္ဂထဲမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန်စီစဉ်ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး ထရန့်က ထရီဇာမေနှင့် ဆွေးနွေးရန် လိုလားကြောင်း  သူ၏ ခရီးစဉ်မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် လုံခြုံမှုနှင့်ပတ်သက်သည့်  5G  ဆက်သွယ်ရေး ကွန်ရက် လာမည့်မျိုးဆက်တွင်  ဟာဝေး ကိရိယာများကို အသုံးမပြုကြရန် ဗြိတိန်နိုင်ငံနှင့် အခြားမဟာမိတ်နိုင်ငံများကို မေတ္တာရပ်ခံထားသော်လည်း ဗြိတိန်နိုင်ငံ အရေးပါသော ဒေသများမှလွဲ၍ ထိုဟာဝေးကုမ္ပဏီ၏ ထုတ်ကုန်များကို ပိတ်ရန်ရည်ရွယ်ချက်မရှိကြောင်း  သတင်းထုတ်ပြန်ချက်က ဆိုသည်။

 

ထရန့်သည် ဗြိတိန်နိုင်ငံသို့သွားရောက်ပြီးနောက် အိုင်ယာလန် နိုင်ငံ နှင့် ပြင်သစ်နိုင်ငံတို့သို့ သွားရောက်ကာ အဆိုပါ နိုင်ငံများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

 

ကိုးကား - အန်အိတ်ချ်ကေ       

 

ဘာသာပြန် - မြင့်မြင့်ချို

 

t1.JPG