အမေရိကန် သမ္မတဟောင်းတွေက ကွန်ဂရက်လွှတ်တော်မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုကို ရှုတ်ချ

၇ ဇန်နဝါရီ

 

အမေရိကန် သမ္မတဟောင်းတွေက ဝါရှင်တန်ရှိ ကွန်ဂရက်လွှတ်တော် အဆောက်အအုံမှာ  ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုကို ရှုတ်ချလိုက်ကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။

 

အကြမ်းဖက်မှုကြောင့် လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘေးကင်းရာကို ထွက်ပြေး ကြရပါတယ်။ သမ္မတ ထရမ့်ကို ထောက်ခံသူတွေထဲက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

 

ဇန်နဝါရီ ၆ ရက်နေ့မှာ ကျင်းပတဲ့ ကွန်ဂရက်အစည်းအဝေးပွဲကနေ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဝင် ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အသိမှတ်ပြုမှာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် သမ္မတ ထရမ့်ကို ထောက်ခံသူတွေက ဘိုင်ဒင် အနိုင်ရကြောင်း အသိအမှတ်ပြုမှုကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို ကွန်ဂရက်ရှိရာကို စုဝေး ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

ကွန်ဂရက်လွှတ်တော်အတွင်းက အကြမ်းဖက်ကို ရီပတ်ဘလစ်ကန် ပါတီဝင် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် က ရွေးကောက်ပွဲနောက်ပိုင်းမှာ နိုင်ငံ့ခေါင်းဆောင်အချို့ရဲ့ ဆင်ခြင်မဲ့ အပြုအမှုတွေကြောင့် အခုလိုအကြမ်းဖက်မှုတွေ ဖြစ်လာတာဖြစ်တယ်၊ ဒီမိုကရက်ပါတီဝင် သမ္မတဟောင်း ဘာရတ် အိုဘာမားကလည်း ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ သမ္မတထရမ့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုတာထားပါတယ်။

 

ဒီမိုကရက်ပါတီဝင် သမ္မတဟောင်း ဘီလ်ကလင်တန် က အကြမ်းဖက်မှုဟာ ကွန်ဂရက်လွှတ်တော်နဲ့နိုင်ငံကို အရင်က မဖြစ်ခဲ့ဖူးတဲ့ စော်ကားမှုမျိုး လုပ်ဆောင်တာသာဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။

 

အသက်အကြီးဆုံး သမ္မတဟောင်း ဒီမိုကရက်ပါတီဝင် ဂျင်မီကာတာ ကလည်း  နိုင်ငံအတွက် စိတ်မချမ်းသာစရာကောင်းတဲ့ပုံစံဖြစ်သွားကြောင်း ပြောကြားပါတယ်။

 

MDN

ကိုးကား - AFP