အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲ ၁၀ သန်းအထိ ပေးပြီးကြောင်းသိရ

၁၃ အောက်တိုဘာ 

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ လိုသေးတဲ့အချိန်မှာ ကြိုတင်မဲပေးပြီးသူ ၁၀ သန်းကျော်ရှိကြောင်း လေ့လာရေးအဖွဲ့က တနင်္လာနေ့ညပိုင်းက ကြေညာလိုက်ပါတယ်။ 

နိုဝင်ဘာ  ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးထားသူ ၁၀,၂၉၆,၁၈၀ ဦးရှိကြောင်း ဖလောရီဒါတက္ကသိုလ်ရဲ့ အမေရိကန်ရွေးကောက်ပွဲစစ်တမ်းအရ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ဖြစ်ပွားနေတဲ့အချိန်မှာ ကျန်းမာရေးအရ စိုးရိမ်ရတဲ့အတွက် ၂၀၁၆ ရွေးကောက်ပွဲထက် ကြိုတင်မဲပေးသူ အရေအတွက် အဆမတန် များလာတာကို တွေ့ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ 

MDN
ကိုးကား - AFP