အမေရိကန်-တရုတ်ကုန်သွယ်ရေးသဘောတူညီရေးတွင် ပထမအဆင့် လက်မှတ်ရေးထိုး

၁၆ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံကြားက နှစ်နှစ်နီးပါးကြာပြီဖြစ်တဲ့ ကုန်သွယ်ရေးစစ်ပွဲကို ပြေငြိမ်းနိုင်မယ့် သဘောတူညီချက်ရဲ့ ပထမအဆင့်ကို မနေ့က နှစ်နိုင်ငံက လက်မှတ်ရေးထိုးလိုက်တာကိုတွေ့ရပါတယ်။

 

လက်မှတ်ရေးထိုးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်စီးပွားရေးကို ပြောင်းလဲနိုင်မယ်လို့ ပြောဆိုသလို တရုတ်ခေါင်းဆောင်တွေကလည်း အခုသဘောတူညီချက်ဟာ နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ရှေ့တိုးစေမယ့် "win-win" အခြေအနေကို ဖော်ဆောင်ပါတယ်လို့ ပြောကြားပါတယ်။

 

တရုတ်နိုင်ငံက ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံအတွက် ၂၀၁၇ ကထားရှိခဲ့တဲ့ အခွန်ထက် တိုးမြှင့်ပေးဖို့ သဘောတူ သလို ဉာဏ်ဏပိုင်ဆိုင်မှု နဲ့ပတ်သတ်ပြီး စည်းမျဉ်း စည်းကမ်းတွေကို ပိုမိုတင်းကျပ်မှုကို သဘောတူညီခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံကလည်း တရုတ်တင်ပို့ကုန်အပေါ်ထားရှိတဲ့ အကောက်အခွန်နှုန်းထား အသစ်ကို တစ်ဝက်အထိ လျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ တင်ပို့ကုန် သုံးပုံနှစ်ပုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀ဝ ဘီလီယံအတွက်  ကုန်သွယ်ခွန်က ဆက်လက်ရှိနေသေးကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံရှိ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ ဥက္ကဋ္ဌ ဂျယ်ရမီ ဝါးတာမန်းက အခြေခံသဘောတူညီချက် ရရှိခဲ့တာ ပျော်စရာဖြစ်ပါတယ်။ သဘောတူညီချက်ရဲ့ ဒုတိယအဆင့်ကို သွားဖို့ အချိန်သိပ်မပေးရတော့ပါဘူးလို့ ပြောဆိုပါတယ်။

 

စီးပွားရေးသုတေသနပညာရှင်တစ်ချို့က သမ္မတဒေါ်နယ်ထရန့်ဟာ ကုန်သွယ်ရေးသဘောတူညီချက်မှာ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ၂၀၂၀ သမ္မတရွေးကောက်ပွဲအနိုင်ရရေးမှာ အခွင့်အရေးရနိုင်ကြောင်း ပြောဆိုပါတယ်။ အမေရိကန်အများစုက တရုတ်နဲ့ ကုန်သွယ်စစ်ပွဲမှာ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ မမျှတဘူးလို့ သမ္မတ ထရန့်ရဲ့ သဘောနဲ့ တူညီနေတာကို တွေ့ရပါတယ်။

 

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ဟာ ၂၀၁၈ခုနှစ်ကစပြီး သူတပြန်ကိုယ်တပြန် ကုန်သွယ်ခွန်တွေကို တိုးမြှင့်လာတာဖြစ်ရာ ကုန်ပစ္စည်းတန်ဖိုးအပေါ် ကုန်သွယ်ခွန်ဟာ အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယံ အထိ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP