အမေရိကန်အစိုးရ၏ ဉပဒေပြဌာန်းမှုအပေါ် ဟောင်ကောင် ပြစ်တင်ရှုတ်ချ

၂၈ နိုဝင်ဘာ

 

ဒီမိုကရေစီလိုလားသူများအား ထောက်ခံသည့် ဉပဒေအသစ်ပြဌာန်းခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စု၏ ဉပဒေပြဌာန်းချက်များကို ဟောင်ကောင်အစိုးရမှ လက်မခံဟု ဆိုသည်။

 

ယမန်နေ့က လွှတ်တော်မှ အတည်ပြုလိုက်သည့် ဉပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်သည်။

 

ဟောင်ကောင်အစိုးရက ဉပဒေကို ပြင်းထန်စွာဆန့်ကျင်ကြောင်း ကြေညာချက်တစ်ခုကို ယနေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ဟောင်ကောင်အစိုးရ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့သည့်အတွက်  အလွန်အမင်းနောင်တရကြောင်း ပြောဆိုခဲ့သည်။

 

အဆိုပါ ဉပဒေသည် ဟောင်ကောင်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး မလိုအပ်ပဲ ဟောင်ကောင်နိုင်ငံသားများကို အကာအကွယ်ပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စုသည် ဆန္ဒပြသူများအား မှားယွင်းသည့် သတင်းများ ပေးပိုခဲ့ကြောင်းနှင့် ဟောင်ကောင်၏ အခြေအနေတင်းမာမှုများကို လျော့ပါးစေရန်လည်း အမေရိကန်ပြည်ထောင်စုမှ ကူညီခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်